DVB Logo
Home
Lead Story
ဟန်နာရဲ့ တကိုယ်လုံးမှာ ဒီအန်အေ ၃ ခု တွေ့တယ် - ဦးအောင်မျိုးသန့်
DVB
·
July 11, 2015
ဟန်နာရဲ့ တကိုယ်လုံးမှာ ဒီအန်အေ ၃ ခု တွေ့တယ် - ဦးအောင်မျိုးသန့်
1 / 2
Donate to DVB

စက်တင်ဘာက ဗြိတိန်နိုင်ငံသား မေလာနဲ့ ဟန်နာတို့ လိပ်ကျွန်းမှာ အသတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်  မြန်မာ ၂ ဦးကို ရဲတွေက ဖမ်းဆီးပြီး ဆူရတ်ဌာနီမှာရှိတဲ့ ထိုင်း ကော့စမွီခရိုင် တရားရုံးမှာ ကြားနာမှုတွေ လုပ်ဆောင်နေပါတယ်။

ဇွန် ၈၊ ၉၊ ၁၀ ရက်မှာ သက်သေ ၉ ယောက်ကို စစ်ဆေးခဲ့ပါတယ်။ ဇွန် ၁၀ ရက်က ရဲတပ်ဖွဲ့ ဆေးမှူးနဲ့ ရဲမှူးကြီး မှုခင်းဆရာဝန် ၂ ဦးကို စစ်ဆေးခဲ့ပါတယ်။

ဒီသက်သေတွေ ဘယ်လိုထွက်ဆိုခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး တရားရုံးမှာ အမှုကို သွားရောက်ကြားနာ နားထောင်ခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့က အကြံပေးရှေ့နေ ဦးအောင်မျိုးသန့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မနေ့က စစ်ဆေးတဲ့ သက်သေတွေက ဘယ်လိုထွက်ဆိုလဲခင်ဗျ။

[caption id="attachment_93698" align="alignright" width="360"]u-aung-myo-thant-copy ဦးအောင်မျိုးသန့်[/caption]

“ပထမ ရဲမှူး ဆရာဝန်ထွက်ဆိုချက်ကတော့ အဓိက ဟန်နာရဲ့ အနားက ကိုယ်သုတ်ပ၀ါ အစိမ်းနုရောင်ကို မတွေ့ခဲ့ဘူးလို့ ပြောတယ်။ ဒါပေမယ့် ဓာတ်ပုံထဲမှာ အဲဒီ ပ၀ါပါနေတယ်။ ဒါကိုတော့ ဒီအန်အေ စစ်ဖို့အတွက် သက်သေခံ ပစ္စည်းနဲ့ မသိမ်းခဲ့ဘူးဆိုတဲ့ အကြောင်း အရာလေးတွေ ပေါ်ပါတယ်။ နောက် ညနေဘက်မှာ စစ်တဲ့ ရဲမှူးကြီးတယောက်ရဲ့ အစစ်ခံချက်မှာတော့ သေဆုံးသူ ဟန်နာရဲ့ တန်ဆာ (မိန်းမကိုယ်) မှာ ဒီအန်အေ ၂ ခုတွေ့ပြီးတော့ စအိုမှာ ဒီအန်အေ တခုတွေ့တယ်ပြောတယ်။ သဘောကတော့ တကိုယ်လုံးမှာ ဒီအန်အေ ၃ ခုတွေ့တယ်လို့ ပြောချင်တာပါ။ အဲဒီတော့ ဒီအန်အေ ၃ ခုဆိုရင်တော့ လူ ၃ ယောက်ဆိုတဲ့သဘောပါ။ အဲဒီတော့ လူ ၃ ယောက်ဆိုတော့ အခု တရားခံက ၂ ယောက်ဆိုရင် ဒီတရားခံလေး ၂ ယောက်ဖြစ်နိုင်ပါ့မလားဆိုတဲ့ အကြောင်းအရာလေးလည်း ပေါ်လာပါတယ်။ နောက်တချက်က ဒီဒဏ်ရာတွေကို စစ်ဆေးတဲ့အခါမှာ ဒဏ်ရာတွေကနေပြီးတော့ ဒဏ်ရာ တခုဟာ အခုံးဖြစ်နေပြီးတော့ ဒဏ်ရာရဲ့ အပေါက်ဟာ ညိုညိုမဲမဲ အရောင်တွေ ဖြစ်နေပါတယ်။ အဲတော့ ဒီဒဏ်ရာဟာ ပေါက်တူးဒဏ်ရာ ဖြစ်နိုင်သလားလို့ မေးတော့ ဒီဒဏ်ရာဟာ ပေါက်တူးဒဏ်ရာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ပေါက်တူးဒဏ်ရာ ဖြစ်ခဲ့ရင် အရှည်လိုက် ဖြစ်ရမှာပါ။  အဲဒီအချက်ကလည်း ပေါ်ပါတယ်။ ဒီဒဏ်ရာဟာ ပေါက်တူးမဟုတ်ပဲနဲ့ တခုခု ဒဏ်ရာမျိုး။ ကျနော်ဘက်က သုံးသပ်တာကတော့ တရားခွင်မှာတော့ မမေးပါဘူး။ ကျည်ဆန်ဒဏ်ရာမျိုးလို့ ပြောချင်တာပါ။

“နောက်တချက်က သေဆုံးတဲ့ဟန်နာကို ရေခဲရိုက်ပြီးပို့လာတာပါ။ ပို့လာတော့ အလောင်းက ရဲမှူး ဆရာဝန်ဆီ ရောက်တဲ့အချိန်မှာ ညာဘက်လက် လက်သူကြွယ်နဲ့ လက်ခလယ်ကြားမှာ ၂ လက်မလောက် အရှည်ရှိတဲ့ နီညိုရောင် ဆံပင်အပျော့တွေ့တယ်။ အဲဒီလိုတွေ့တော့ အချိန်မှာပဲ ကျနော်လည်း ညာဘက်အနားမှာ ရှိနေတဲ့ တရားခံလေးတွေ ၂ ယောက်ရဲ့ ခေါင်းလေးတွေကို ကိုင်ကြည့်ပါတယ်။ ကိုင်ကြည့်တော့ တရားခံ ဇော်လင်းရဲ့ ဆံပင်က မာပြီးတော့ အကောက် ဖြစ်ပါတယ်။ ၀င်းဇော်ထွန်းရဲ့ ဆံပင်က အမာပါ ဒါပေမယ့် အဖြောင့်ဖြစ်ပါတယ်။ ကျနော် အကြမ်းဖျင်း စဉ်းစားကြည့်တာက ဒီအချက်က တော်တော်လေး စဉ်းစားစရာ ဖြစ်ပါတယ်။ ဘာဖြစ်လိုလဲဆိုတော့ ဆံပင်က နီညိုရောင် ဖြစ်နေပြီးတော့ ၂ လက်မလောက် ဖြစ်တယ်ဆိုတဲ့ဟာက တော်တော် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။”

တရားရုံးကနေပြီးတော့ အရေးကြီးတဲ့ သက်သေတွေ ပြန်စစ်မစစ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆုံးဖြတ်ခဲ့လဲ။

“အဲဒါက ဒီအန်အေနဲ့ ပတ်သက်တာပါ။ အခုက ရဲက ပြောဆိုချင်တာက ဒီအန်အေတွေကို အခုချိန်မှ တင်ပြမယ်ဆိုရင် တချို့ဟာတွေက ပျောက်ပျက်သွားပြီ? တချို့ဟာတွေက သက်တမ်းကုန်နေပြီလို့ ပြောချင်တာပါ။ ဒါပေမယ့် ကျနော်တို့ သိထားတာက ဒီအန်အေ မှုခင်းနဲ့ ပတ်သက်လို့ရှိရင် ရဲတွေရဲ့ လုပ်ထုံးလုပ်နည်းအရ သူတို့မှာ အပိုဆိုတာရှိနေရမှာပါ။ ဥပမာ ဆိုပါတော့ ဒီအန်အေနဲ့ ပတ်သက်လို့ သွေးစစ်ချင်ရင် အဲဒီသွေးရဲ့ သတ်သတ် နမူနာ တခုဟာ သူတို့မှာ သိမ်းထားပြီးသား ဖြစ်ရမှာပါ။ အဲဒါမှသာ သူတို့ လုပ်ထုံးလုပ်နည်း တရားဝင် ဖြစ်မှာပါ။ အခုဟာက အဲဒီလို မလုပ်ထားဘဲနဲ့ ကရော်ကမယ်လုပ်ထားတဲ့အတွက် သက်သေခံပစ္စည်း ပျောက်ပျက်တယ်တို့ သက်တမ်းကုန်တယ်တို့ ပြောချင်တာပါ။ ဒါကြောင့် ဒီဟာကို တရားရုံးကို တင်ပြနိုင်အောင် ကြိုးစားနေပါတယ်။ နောက်ဆုံး ဖြစ်နိုင်ရင်တော့ ပေါက်တူးကိုတော့ တရားခွင်မှာ ဓာတုဗေဒနည်းနဲ့ ပြန်စစ်ဖို့ တင်ပြထားပါတယ်။”

680726တရားရုံးမှာ ဒီအန်အေသက်သေကို ပြန်စစ်ဆေးဖို့ ဆုံးဖြတ်ချက်မပေးလိုက်သေးဘူးပေါ့။

“တရားလိုပြ သက်သေက ၆၅ ယောက်ပါ။ အခု ၉ ယောက်စစ်ပြီးရင် ကျန်တဲ့သူတွေကို ဆက်စစ်ဖို့က မှန်ပါတယ်။ အစိုးရ သက်သေတွေ မနေ့က ပြောတဲ့ပုံအရကတော့ ၄ ဦးစာရင်းကို သက်သေအဖြစ်ထဲကနေ ပယ်မယ်ဆိုတဲ့ သဘောပြောပါတယ်။ ဒါကိုလည်း တရားသူကြီးက ခင်ဗျားတို့ တင်တဲ့ သက်သေကို ခင်ဗျားတို့ ပယ်လို့ရပါတယ်လို့ ပြောပါတယ်။ ဒီအန်အေသက်သေတွေ ပြန်စစ်ဖို့ ဆုံးဖြတ်ချက်က မချသေးပါဘူး။ ဘာလိုလဲဆိုတော့ အဲဒီပစ္စည်းတွေ မတင်သေးပါဘူး။ ထိုင်းနိုင်ငံ ရဲတွေ လုပ်ထုံးလုပ်နည်းအရ အမှုတွဲအရ စာရင်း ဘာစာရင်း ဆိုတာ တင်ပြီးတော့ အဲဒီစာရင်းနဲ့ ပတ်သက် အမည်ပါတဲ့ ပစ္စည်း တရားရုံးကို ရောက်မလာတာပါ။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013