DVB Logo
Home
မြန်မာသတင်း
ရွှေတုံးအတု လိမ်လည်ရောင်းချသူ တရုတ် ၃ ဦးကို ဖမ်းဆီး
DVB
·
July 11, 2015
ရွှေတုံးအတု လိမ်လည်ရောင်းချသူ တရုတ် ၃ ဦးကို ဖမ်းဆီး
1 / 5
Donate to DVB

ရွှေတုံးအတုတွေ လိမ်လည်ရောင်းချသွားတဲ့ တရုတ်နိုင်ငံသား ၃ ဦးကို ဖော်ထုတ် ဖမ်းဆီး ရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သံသယရှိတဲ့ တရုတ်နိုင်ငံသား ၂ ဦးရဲ့ လှုပ်ရှားမှုတွေကို လိုက်လံစောင့်ကြည့်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာ သူတို့ သယ်ဆောင်လာတဲ့ အိတ်အတွင်း မြန်မာငွေ ကျပ်သိန်း ၁၂၀၀ နဲ့ အမေရိကန်ဒေါ်လာ ၁ သိန်းကို တွေ့ရှိခဲ့တယ်လို့ ဇူလိုင် ၁၁ ရက် နေ့စွဲနဲ့ ရန်ကုန် ရဲတပ်ဖွဲ့ရဲ့ လူမှုရေးကွန်ရက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

တရုတ်နိုင်ငံသား ၂ ဦးကို ဆက်လက် စစ်ဆေးမေးမြန်းချက်အရ ဒီငွေကြေးတွေကို သူတို့ ပိုင်ဆိုင်ကြောင်း အထောက်အထား မပြနိုင်သလို တခြား တရုတ်နိုင်ငံသားတဦး ထပ်မံပါဝင်တယ်ဆိုတာကို သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီငွေတွေဟာ ဇူလိုင် ၈ ရက်က အလုံမြို့နယ်၊ ဌာနရပ်ကွက်အတွင်းရှိ နေအိမ်တအိမ်မှာ ရွှေလို့ထင်ရတဲ့ အတုံး ၂၁၉ တုံးနဲ့ အန်းကုံးရုပ် ၆ ခုတို့ကို အမေရိကန်ဒေါ်လာ ၁ သိန်း၊ မြန်မာငွေကျပ်သိန်း ၁၂၀၀ နဲ့ လိမ်လည်ရောင်းချခဲ့ရာက ရရှိတဲ့ ငွေတွေ ဖြစ်တယ်လို့ စုံစမ်းသိရှိရပြီး အလုံမြို့မ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ ရေးသားထားပါတယ်။

အခု ဖမ်းမိတဲ့ တရုတ်နိုင်ငံသား ၃ ဦးဟာ မေလက ဗိုလ်တထောင်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အလားတူ လိမ်လည်မှုကို ပြစ်မှုကျူးလွန်သူတွေ မဟုတ်ဘဲ သီးခြားတဖွဲ့က ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - Yangon Police

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013