DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးလှုပ်ရှားသူ အကျဉ်းကျခံ ၄ ဦး ထောင်ဒဏ်များ အကြိမ်ကြိမ် ချမှတ်ခံရ
DVB
·
July 10, 2015
နိုင်ငံရေးလှုပ်ရှားသူ အကျဉ်းကျခံ ၄ ဦး ထောင်ဒဏ်များ အကြိမ်ကြိမ် ချမှတ်ခံရ
Donate to DVB

ထောင်တွင်း အကျဉ်းကျခံနေရဆဲဖြစ်တဲ့  နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးနေမျိုးဇင်၊ နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်နဲ့ ဦးဘမြင့်တို့ ၄ ဦးကို ဒီနေ့ လသာမြို့နယ် တရားရုံးက ထောင်ဒဏ် ၄ လစီ ထပ်မံ ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက လက်ပံတောင်း အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့ ဆန္ဒပြခဲ့လို့ လသာမြို့နယ်မှာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံရပြီး စီရင်ချက်ချခံရတာလို့  ဦးနေမျိုးဇင်ရဲ့ ဇနီး ဒေါ်ဇင်မျိုးမော်က ပြောပါတယ်။

“သူတို့ စွဲတဲ့ပုဒ်မတွေက မတရားဘူးဆိုတာ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒေါ်ခင်ဝင်းနဲ့ ပတ်သက်ပြီးတော့ သူတို့ တရုတ်သံရုံးရှေ့ကို ဆန္ဒသွား ဖော်ထုတ်တယ်ဆိုတဲ့ ကိစ္စလေးကို သူတို့သွားတဲ့လမ်းမှာ သူတို့ရှေ့ကနေ ဖြတ်သွားလို့ ဆိုပြီးတော့ မတရားသဖြင့် ပုဒ်မ ၁၈ တပ်ပြီးစွဲတဲ့ ကိစ္စဆိုတော့ ကျမကတော့ မတရားသဖြင့် အမှုစွဲတယ်လို့ပဲ ပြောချင်တာပေါ့နော်။”

တရုတ်သံရုံးရှေ့ သွားရောက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီးတော့လည်း သူတို့တွေဟာ ကျောက်တံတားမြို့နယ်နဲ့ အလုံမြို့နယ်တွေမှာ ပုဒ်မ ၁၈ နဲ့ ထောင်တွင်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊ ဦးနေမျိုးဇင်၊ ဒေါ်စိန်ဌေး၊ ဒေါ်ဆန်းဆန်းဝင်း (ခေါ်) ဒေါ်လေးလေးနဲ့ ကိုတင်ထွဋ်ပိုင်တို့ အပါအ၀င် ၇ ဦးကို ၀တ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၅ ခုနဲ့ ပြီးခဲ့တဲ့ မေလတုန်းက ထောင်ဒဏ် ၄ နှစ်နဲ့ ၄ လ ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် နော်အုန်းလှဟာ ၂၀၀၇ ခုနှစ်ကတည်းက  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ ၀တ်ပြုဆုတောင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကို အများပြည်သူ နှောင့်ယှက်တဲ့ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့က  ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။

မနှစ် ဒီဇင်ဘာလအတွင်းဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ် အမှုမှန် ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ လူရာနဲ့ချီ ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013