DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပခုက္ကူ နှင့် ချောက်မြို့တွင် ဆန္ဒပြ
DVB
·
July 10, 2015
ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရေး ပခုက္ကူ နှင့် ချောက်မြို့တွင် ဆန္ဒပြ
1 / 6
Donate to DVB

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ မနက်ပိုင်းက ပခုက္ကူနဲ့ ချောက်မြို့တွေမှာ ရာနဲ့ချီတဲ့ ပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ပခုက္ကူမြို့မှာ တက္ကသိုလ်ကျောင်းသား ဦးဆောင်ပြီး ဖွဲ့စည်းပုံ အခြေခံဥပေဒပြင်ဆင်ရေး ဆန္ဒပြတာလို့ ဦးဆောင်ဆန္ဒပြတဲ့ ပခုက္ကူ  တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ ကိုပြည့်ဖြိုးကျော် ပြောပါတယ်။

“ကျနော်တို့ အနေနဲ့က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပုဒ်မ ၄၃၆ ကို အတုအယောင် ပြင်ဆင်မှု မဟုတ်ဘဲနဲ့ စစ်မှန်တဲ့ ပြင်ဆင်ရေးတခုကို လိုလားလို့ ကျနော်တို့ ဆန္ဒပြခဲ့တာပါ။ လွှတ်တော်ထဲမှာ သူတို့ဆွေးနွေးပြီး အဖြေရှာခဲ့ကြတယ်။ ဒါပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေက အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက အခန်းကဏ္ဍဖြစ်တဲ့ ပုဒ်မ ၄၃၆ ကို တပ်မတော်သား ကိုယ်စားလှယ်တွေက မပြင်ချင်ဘူး။ ပြင်မယ်ဆိုတဲ့ အချိန်မှာလည်း သူတို့က အတုအယောင် ပြင်ဆင်မှုနဲ့ ဥပမာ ပုဒ်မ ၄၃၆ (ခ) ပါ ပြင်ဆင်ချက်မှာဆိုရင် သူက စစ်ရေးအမြင်ဆိုတဲ့ နေရာမှာ ကာကွယ်ရေးအမြင်ဆိုတဲ့ သဘောတရားကို သူတို့က ပေးတယ်။ ဒါ သဘောတရားလောက်ပဲ ပြင်တဲ့ အနေအထားပဲ ဖြစ်နေတယ်။ စစ်မှန်တဲ့ ပြင်ဆင်မှု မဟုတ်ဘူး။ အဲလို စစ်မှန်တဲ့ ပြင်ဆင်မှုမျိုး မဟုတ်တဲ့အတွက် ကျနော်တို့ ကျောင်းသားတွေ ဦးဆောင်ပြီးတော့ ပခုက္ကူမြို့မှာ ဆန္ဒပြခဲ့တာပါခင်ဗျာ။”

ဒီဆန္ဒပြပွဲကို မနက် ၈ နာရီကနေ ၁၀ နာရီအထိ ပခုက္ကုမြို့တွင်း လှည့်လည် ဆန္ဒပြခဲ့တာဖြစ်ပြီး လူပေါင်း ၃၀၀ လောက် ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့လည်း ကိုပြည့်ဖြိုးကျော်က ပြောပါတယ်။

ဒီလို အလားတူပဲ ချောက်မြို့မှာလည်း အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပြည်သူမရွေးကောက်တဲ့ လွှတ်တော်အမတ်များ မပါဝင်အောင်၊ အဲဒီအတွက် ဆန္ဒပြကြတာပါ။” လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ ချောက်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး ကိုတင်မိုးအောင်က ပြောပါတယ်။

ချောက်မြို့မှာလည်း လူပေါင်း ၁၅၀ လောက် ပါဝင်ဆန္ဒပြခဲ့တယ်လို့လည်း ပြောပါတယ်။ အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) မှာ အကျုံးဝင်တဲ့ ပြင်ဆင်တဲ့ မူကြမ်းကို ဇူလိုင် ၈ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။

သတင်းဓာတ်ပုံ - Zaw Phay

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013