DVB Logo
Home
နိုင်ငံရေး
ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်း
DVB
·
May 24, 2011
Donate to DVB

နအဖစစ်ကောင်စီဝင် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်ပြီး လူမှုရေးအသင်းအဖွဲ့ကနေ နိုင်ငံရေးပါတီအဖြစ် အသွင်းပြောင်းကာ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ ဖြစ်ကုန်တဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နေရာတွေအတွက် အစားထိုး ပြင်ဆင်ဖွဲ့စည်းမှုတွေ ပြုလုပ်ထားပါတယ်။

ရွေးကောက်ပွဲမှာ မဲအများဆုံးနဲ့ အနိုင်ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အရင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၇ ဦးနဲ့ ဖွဲ့စည်းထားရာက ၁ဝ ဦးကို လျှော့ပြီး (၁၇) ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းထားတယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အသစ်ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာတော့ သူရဦးရွှေမန်း (ဒုတိယ ဥက္ကဋ္ဌ)၊ ဦးဌေးဦး (အထွေထွေအတွင်းရေးမှူး)၊ ဦးသောင်း (အတွင်းရေးမှူး)၊ ဦးတင်ထွတ် (အတွင်းရေးမှူး)၊ ဦးအောင်သောင်း (အတွင်းရေးမှူး)၊ ဦးသိန်းဇော် (အတွင်းရေးမှူး)စတဲ့ ပုဂ္ဂိုလ်တွေ အဓိက ပါဝင်ပါတယ်။ ဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးစိုးသာ၊ ဒေါက်တာချမ်းငြိမ်း၊ ဦးမောင်ဦးစတဲ့ပုဂ္ဂိုလ်တွေကတော့ ဗဟိုအလုပ်အမှု ဆောင်ဝင်တွေအဖြစ် ပါဝင်ထားပါတယ်။

သမ္မတအပါအဝင်၊ ဒုတိယသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေ၊ ပြည်ထောင်စု အစိုးရအဖွဲ့တွေဖြစ်သွားတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပုဂ္ဂိုလ်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ ရွေးချယ်တင်မြောက်၊ ခန့်အပ်တာဝန် ပေးခံရသည့်နေ့ကစပြီး မိမိတို့ရာထူး သက်တမ်းကာလအတွင်း ပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ပြဋ္ဌာန်းထားကြောင့် အခုလို ပြင်ဆင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီသည် ပြီးခဲ့တဲ့ရွေးကောက်ပွဲ ကာလအတွင်း စုစုပေါင်းလွှတ်တော် ကိုယ်စားလှယ် ၁၁၅၄ နေရာနဲ့ အများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတခုဖြစ်ပြီး အဲ့ဒီထဲက ၈၈၂ နေရာမှာ  အနိုင်ရရှိခဲ့ပါတယ်။

ဒီပါတီဟာ အရင် လူမှုအသင်းရန်ပုံငွေနဲ့ နိုင်ငံပိုင်ငွေကြေးတွေ ကွဲပြားမှုမရှိဘဲ ရွေးကောက်ပွဲကာလအတွင်း အသုံးချခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ပါတီတခုဖြစ်သလို ဒါတွေနဲ့ပတ်သက်ပြီးတော့လည်း ရှင်းလင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013