DVB Logo
Home
မြန်မာသတင်း
ကော်မရှင်ကြေညာချက် ပါတီများ အဆင်ပြေပါ့မလား - အမြင်
DVB
·
July 9, 2015
ကော်မရှင်ကြေညာချက် ပါတီများ အဆင်ပြေပါ့မလား - အမြင်
1 / 8
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း စတင်တင်သွင်းရမယ့်ရက်၊ နောက်ဆုံးထား တင်သွင်းရမယ့်ရက်နဲ့ စိစစ်မယ့်ရက်တို့နဲ့ ပတ်သက်ပြီး ပါတီတွေအနေနဲ့ ဘယ်လို သဘောထားရှိလဲဆိုတာ စုစည်းတင်ပြပါမယ်။

ကော်မရှင်ကြေညာချက်အရ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို ဇူလိုင် ၂၀ ရက် စတင် တင်သွင်းရမှာဖြစ်ပြီး သြဂုတ် ၈ ရက်မှာ နောက်ဆုံးထား တင်သွင်းရမှာ ဖြစ်ပါတယ်။

ဦးဉာဏ်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)Top NLD official Nyan Win talks to reporters after a meeting at the party's head office in Yangon

“ကျနော်ကတော့ အချိန်နည်းတယ်လို့ ယူဆတယ်။ နောက်လ ၈ ရက်ထိပဲ ရမှာ၊ အားလုံး အရက် ၂၀ လောက်ပဲ ရမှာပေါ့။ အဲ့ဒီတော့ အချိန်နည်းတယ်ဗျ။ ဘာလို့ဆိုတော့ ပုံစံလုပ်ရမယ်၊ ပုံစံပေါ်မှာ တရားသူကြီး အသိအမှတ်ပြုတာတို့ ဘာတို့ ဒါတွေက အများကြီး အဆင့်ဆင့် ပါနေတယ်။ နောက် အရေးကြီးဆုံးတခုက အဆိုပြုလွှာပုံစံပေါ့၊ ဒါမှမဟုတ် လျှောက်လွှာပဲ ထားပါတော့။ ပုံစံနဲ့တွဲရမယ့် ကိုယ်ရေးမှတ်တမ်းပုံစံ၊ ကိုယ်ရေးမှတ်တမ်းက ကိုယ့်ဟာနဲ့ကိုယ် ကိုယ်ရေးမှတ်တမ်းလုပ်လို့ မရဘူး၊ ကော်မရှင်က သတ်မှတ်တဲ့ ပုံစံ၊ ကော်မရှင်က သတ်မှတ်တဲ့ ပုံစံက ခုထိ ထွက်တာ မတွေ့သေးဘူး။ ဆိုတော့ အချိန်တွေက မလိုအပ်ဘဲ ကုန်ဆုံးသွားမယ့် ပုံစံနဲ့ ကုန်ဆုံးသွားမယ့် စိုးရိမ်စရာတော့ ရှိတယ်။ ကိုယ်ရေးမှတ်တမ်းပုံစံက ၂၀၁၀ တုန်းက ထွက်တယ်၊ ၂၀၁၂ တုန်းက ထွက်တယ်၊ အဲ့ဒါတွေပဲ ဆက်သုံးရမှာလား၊ ကျနော်တို့ကိုယ်တိုင် မရှင်းသေးပါဘူး။”

ဦးစောသန်းမြင့် (ဖက်ဒရယ်ပြည်ထောင်စုပါတီ)U-Saw-Than-Myint01

“တိုင်းရင်းသားပါတီအဟောင်းမှန်သမျှ ပြဿ    နာ မရှိပါဘူး။ အားလုံးအဆင်သင့် ဖြစ်ပြီးသား ရှိပါတယ်။ အခုမှကျတဲ့ တိုင်းရင်းသားပါတီသစ်ကတော့ ပြဿ   နာ ရှိပါတယ်။ အခုမှ အမှတ်စဉ် ၈၉၊ ၉၀ ကျလာတဲ့ တိုင်းရင်းသားပါတီသစ်တွေကတော့ အတော်လေး အခက်အခဲရှိတယ်။ အချိန် ၄ လတာင် ကျန်တဲ့အချိန်မှာ ချက်ချင်း တင်ခိုင်းတယ်ဆိုတာက သိပ်ပြီး သဘာဝ မကျဘူး၊ ရုတ်တရက်ကြီး ဖြစ်လွန်းတယ်။ လူအင်အား ၁၀၀၀ မပြည့်သေးတဲ့ ပါတီသစ်တွေ အများကြီး ရှိသေးတယ်။ အဲ့ဒီလို ပါတီတွေအတွက်က ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်း လျာထားဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။”

UKhinMgSweဦးခင်မောင်ဆွေ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

“ကျနော်တို့က အတော်များများ ပြင်ထားပြီးပြီဆိုတော့ လုပ်လို့ကိုင်လို့ အခက်အခဲ သိပ်မရှိဘူးပေါ့ဗျာ။ ဒါပေမယ့် နောက်ထပ် ရွေးချယ်နေတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် အချိန်မီရဖို့ လိုတာပေါ့။ ကျနော်တို့က ဒီက စိစစ်ပြီး တိုင်းနဲ့ ပြည်နယ်တွေကို ပြန်ပို့ပေးတဲ့အချိန်၊ တိုင်းနဲ့ပြည်နယ်ကိုယ်စားလှယ်လောင်းတွေက ခရိုင်၊ မြို့နယ်တွေမှာ မှတ်ပုံသွားတင်ရမယ်၊ အဲ့ဒီအတွက် အချိန်လုံလောက်မှု ရှိပါ့မလားလို့တော့ ကျနော်တို့ သံသယ ဖြစ်တယ်ဗျ။ ဘာလို့ဆိုတော့ သွားတာလာတာ ဝေးလံတော့ ပြန်ပို့ရမယ့်အချိန်နဲ့ တချို့အီးမေးလ် ရှိတဲ့သူကရှိ၊ မရှိတဲ့သူက မရှိနဲ့ဆိုတော့လေ အဲ့ဒါမျိုးတွေမှာ နည်းနည်း အခက်အခဲ ကြုံဖို့တော့ ရှိတယ်။ အခု ပေးထားတဲ့အချိန်နဲ့ ၁၀ ရက်လောက် ထပ်တိုးပေးရင်တော့ ပို အဆင်ပြေတာပေါ့ဗျာ။ သူတို့ဘက်ကလည်း ကပ်ပြီးတော့ ထုတ်တာကိုး၊ နည်းနည်းတော့ အချိန်အကန့်အသတ် ရှိတယ်လို့ ထင်တယ်ဗျာ။”

U-Ko-Ko-Yangon-UEC-chairman01-dipdဦးကိုကို (ရန်ကုန်တိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ)

“ကျနော့်အမြင်ကို ပြောရရင် ရွေးကောက်ပွဲရက် ကြေညာပြီးတဲ့အချိန်က စပြီးတော့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်ထိ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို အချိန်ဇယားဆွဲပြီးတော့ သူ့အချိန်နဲ့သူ ဘယ်လ ဘယ်ရက်မှာ ဘာလုပ်မယ်၊ ကျနော်တို့က အဲ့ဒီလို သွားရပါတယ်။ နာမည်စာရင်း တင်တာလေးကို အချိန်တိုးပေးလိုက်ရင် သူတို့အတွက် သိပ်အရေးကြီးတဲ့ ကမ်ပိမ်း လုပ်ရမယ့် ရက်တွေ လျော့သွားမှာပေါ့။ ကမ်ပိမ်းလုပ်ဖို့ ပိုအချိန်လိုတယ်လေ။ လျှောက်လွှာလေးတင်တာ မခက်ခဲပါဘူး။ ဘဏ်သွားမယ်ဗျာ၊ သတ်မှတ်ငွေ ၃ သိန်း တင်သွင်းလိုက်မယ်။ မြို့နယ်အဆင့်ထက်မနိမ့်တဲ့ တရားသူကြီးတယောက်ရဲ့ ရှေ့မှာ လက်မှတ်ထိုးပြီး တရားသူကြီးက ထပ်ဆင့်လက်မှတ်ထိုးမယ်ဗျာ၊ အဲ့လောက်လေးပါ။ ပုံစံလေးတောင်းပြီး ပုံစံလေးဖြည့်ပြီး အဲ့ဒါကို ခရိုင်မှာ သွားပြီး လုပ်လိုက်ရုံပါပဲ။ ကျနော့်အမြင်ကတော့ အချိန်လုံလောက်တယ် ထင်ပါတယ်။ ဒီနေ့ပဲ ကျနော်အစည်းအဝေးလုပ်ပြီး ခရိုင်တွေကို ပြောလိုက်ပါပြီ။ ခရိုင်တွေကလည်း သူတို့ အဆင်သင့် စောင့်နေကြမှာပါ။”

ဒေါက်တာတူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ)dr-tu-jar-á01-‚

ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတဖို့ အင်မတန်အရေးကြီးပါတယ်။ ရွေးကောက်ပွဲကို နေရာအနှံ့မှာ မဲဆန္ဒနယ်အားလုံး ကျင်းပပေးနိုင်ဖို့ လိုတယ်။ အထူးသဖြင့် တိုင်းရင်းသားဒေသမှာ တိုက်ပွဲတွေဖြစ်နေတာမို့ အဲဒီမှာ မလုပ်နိုင်မှာကို စိုးရိမ်တယ်၊ အဲဒါကြောင့် တိုက်ပွဲတွေအားလုံး ရပ်ပါလို့ ကျနော်တို့က တောင်းဆိုချင်ပါတယ်။ နောက်တခုက မဲစာရင်းကိစ္စလည်း ရှုပ်ထွေးနေပါတယ်။ ပြည်သူတွေအနေနဲ့ ပုံစံဖြည့်ပြီး ပြင်ဆင်ရမယ်ဆိုရင် သွားမပြင်တဲ့လူတွေက အများကြီးရှိနိုင်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲကော်မရှင်အနေနဲ့  အမြန်ဆုံး အရေးယူဆောင်ရွက်ပေးမယ်ဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်။

min-soe-lin1ဒေါက်တာမင်းစိုးလင်း (မွန်အမျိုးသားဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး)

ကျနော်တို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲပဲ ၀င်ခဲ့တယ်၊ နိုင်လည်းနိုင်တယ်၊ ထောင်လည်းကျခဲ့ တယ်။ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကတော့ နောက်လည်းမကျပါဘူး၊ စောလည်း မစောပါဘူး၊ အတော်ပါပဲ။ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းဖို့ရာမှာလည်း တလ အချိန်ရတာပေါ့နော်။ ကျနော်တို့က စည်းရုံးရေးတွေလည်း တောက်လျှောက်လုပ်နေ တယ်ဆိုတော့ လုံလောက်ပါတယ်။ နေရာ ၅၀ ကျော်လောက်ကို ၀င်ပြိုင်ဖို့ရှိတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013