DVB Logo
Home
စီးပွားရေး
ဒေဝူးကုမ္ပဏီမှ ရခိုင်လုပ်သားများ လုပ်အားခ ခေါင်းပုံဖြတ်ခံရ
DVB
·
May 24, 2011
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းပေါ်မှာ တည်ဆောက်နေတဲ့ ဒေဝူးကုမ္ပဏီပိုင် ဓာတ်ငွေ့သိုလှောင်ရုံ ဆောက်လုပ်ရေးလုပ်ငန်းမှာ ဒေသခံအလုပ်သမားတွေ လုပ်အားခ ခေါင်းပုံဖြတ်ခံနေရပါတယ်။

လုပ်အားခကို တနေ့ ကျပ် ၅ ထောင်ပေးမယ်လို့ ပြောထားပေမယ့် ၄ ထောင်စီပဲရကြသလို ရှစ်နာရီထက်ကျော်ပြီး အလုပ်လုပ်နေကြရပါတယ်။ မနက် ၆ နာရီ ၄ဝ မိနစ်ကနေ အလုပ်ဆင်းရပြီး  ညနေ မိုးချုပ်မှ အလုပ်ကထွက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

အလုပ်သမားတွေ အခုလို ခေါင်းပုံဖြတ်ခံနေရတာကို အပေါ်က လူကြီးတွေ မသိဘဲ တင်ပြဖို့လည်း အဆက်အသွယ်မရဘူးလို့ အလုပ်သမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သူတို့တွေဟာ ဘာသာပြန်ကတဆင့် နေ့စားသဘော အလုပ်လုပ်နေရတာဖြစ်ပြီး အလုပ်တရက်ပျက်ရင်လည်း ငါးရက်လောက် အလုပ်မဆင်းရတော့တဲ့အပြင် ဆေးကုသခွင့်လည်း မရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ဒေဝူးကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်သမားပေါင်း ၃ဝဝ ကျော် အလုပ်လုပ်ကိုင်နေပါတယ်။

ကျောက်ဖြူမြို့နယ် ကမ်းလွန်ဒေသက သဘာဝသယံဇာတတွေကို နိုင်ငံခြားကို တင်ပို့ရောင်းချဖို့ မြန်မာအစိုးရနဲ့ နိုင်ငံခြားကုမ္ပဏီတွေ သဘောတူညီမှုရခဲ့ပြီး စီမံကိန်းကွက်တွေမှာ နိုင်ငံခြားကုမ္ပဏီတွေ အများအပြား လာပြီးတော့ အခြေစိုက် လုပ်ကိုင်နေကြတာပါ။

ကျောက်ဖြူမြို့နယ်ထဲမှာ ဂက်စ်ပိုက်လိုင်း စီမံကိန်း၊ ရထားလမ်းစီမံကိန်း၊ ဆိပ်ကမ်းစီမံကိန်း၊ ရေနံတင်ဆိပ်ကမ်း စီမံကိန်းတွေရှိပြီး အဲဒီလုပ်ကွက်တွေမှာ  ပြည်တွင်းပြည်ပကုမ္ပဏီတွေ အများအပြား အခြေစိုက် လုပ်ကိုင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013