DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု ဆက်လက်စစ်ဆေး၊ ထိုင်းအနှိပ်သည်တဦး ထွက်ဆို
DVB
·
July 9, 2015
လိပ်ကျွန်းအမှု ဆက်လက်စစ်ဆေး၊ ထိုင်းအနှိပ်သည်တဦး ထွက်ဆို
Donate to DVB

ထိုင်းတောင်ပိုင်း လိပ်ကျွန်းက ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့အမှုကို ကော်စမွီခရိုင် တရားရုံးမှာ ဒုတိယနေ့အဖြစ် ဒီကနေ့မနက်ပိုင်း တရားလိုပြသက်သေဖြစ်တဲ့ ကျွန်းပေါ်က အနှိပ်သည် ထိုင်းအမျိုးသမီးတဦးကို စစ်ဆေးခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ အခင်းဖြစ်တဲ့ညက ကမ်းခြေမှာ ဂစ်တာတီး သီချင်းဆိုနေတဲ့ လူရိပ် ၃ ခု တွေ့ရှိတာကို ပြန်ပြီးထွက်ဆိုခဲ့တယ်လို့  ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

“သူ့ရဲ့ထွက်ချက်ကတော့ အထူးတလည် မရှိပါဘူး။ အဲဒီည ၁၄ ရက်နေ့ညမှာ သူဟာ ၉ နာရီလောက်ကနေ လည်တယ်၊ ဘီယာသောက်တယ်၊ ဘီယာ လေးငါးပုလင်းသောက်တယ်၊ နောက်ပြီးတော့ ကမ်းနားမှာ အပေါ့ပါးသွားတဲ့အချိန် အဲဒီသစ်တုံးပေါ်မှာ အရိပ် ၃ ခုတွေ့တယ်၊  ဘယ်သူတွေမှန်းတော့ မသိဘူး၊ နောက်ပြီးတော့ ဂစ်တာနဲ့ ဆိုနေတဲ့သီချင်းက အင်္ဂလိပ်သီချင်း သူ ဒါလောက်ပဲ ပြောနိုင်ပါတယ်။”

ထိုင်းရှေ့နေများကောင်စီကလည်း သူ့ကို ဂစ်တာတီး သီချင်းဆိုနေသူတွေ ဘယ်သူတွေလဲဆိုတာ ခွဲခြားသိသလားဆိုတော့ သူက ခွဲခြားမသိဘူးဆိုပြီး ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ ပေါက်တူးပိုင်ရှင်ဖြစ်တဲ့ မြန်မာလူမျိုး မောင်အို ဆိုသူကိုပါ တရားလိုပြသက်သေ စစ်ဆေးဖို့ရှိပေမယ့် သူ့ကို ဘာသာပြန်ဆိုပေးမယ့်သူ ရောက်မလာတာကြောင့် မစစ်ဆေးရဘူးလို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။

မနက်ပိုင်း ထွက်ဆိုချက်တွေမှာ မြန်မာလူငယ် ၂ ဦးအတွက် အလားအလာကောင်းနေပြီး ညနေပိုင်းမှာတော့ ထိုင်းလူမျိုး ၂ ဦး၊ ကျွန်းပေါ်ရှိ အင်္ဂလိပ် ၁ ဦးနဲ့ ထိုင်းရဲ ၁ ဦးတို့ကို ထပ်စစ်ဖို့ရှိတယ်လို့ ဆိုပါတယ်။

လူသတ်မှုမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ တရားခံတွေဖြစ်ကြောင်း သက်သေပြဖို့ အစိုးရရှေ့နေဘက်က တရားလိုပြသက်သေ စုစုပေါင်း ၆၅ ဦး အမည်စာရင်း တင်သွင်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013