DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ သန့်ရှင်းလွတ်လပ်မျှတအောင် ဆောင်ရွက်ပေးမည်ဟု သမ္မတ ကတိပေး
DVB
·
July 9, 2015
ရွေးကောက်ပွဲ သန့်ရှင်းလွတ်လပ်မျှတအောင် ဆောင်ရွက်ပေးမည်ဟု သမ္မတ ကတိပေး
1 / 2
Donate to DVB

၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို  သန့်ရှင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပဖို့ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားလိုက်ပါတယ်။

ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်လာလ ၈ ရက်နေ့ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရက်သတ်မှတ် ကြေညာလိုက်ပြီး နောက်တနေ့ ဇူလိုင် ၉ ရက်နေ့မှာ သမ္မတက နိုင်ငံတ၀န်းကို ရေဒီယိုကနေ ပုံမှန် လစဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့တာပါ။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ခေတ်ကာလနဲ့အညီ၊ နိုင်ငံရေး ဖြစ်ထွန်းမှုတွေနဲ့အညီ အချိန်အခါအလိုက် ပြင်ဆင်ရေးသားသွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (အန်စီအေ) စာချုပ်ကို ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက် ကြိုးပမ်းသွားမယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေခံ ပေါ်ပေါက်လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကနေ တဆင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စ ပါဝင်လာဦးမှာ ဖြစ်တယ်လို့လည်း သမ္မတက မိန့်ခွန်းမှာ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013