DVB Logo
Home
မြန်မာသတင်း
အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေး ရှုံးနိမ့်
DVB
·
July 9, 2015
အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေး ရှုံးနိမ့်
Donate to DVB

အခြေခံဥပဒေပုဒ်မ ၄၃၆ (ခ) မှာ အကျုံးဝင်တဲ့ ပြင်ဆင်တဲ့ မူကြမ်းကို ဇူလိုင် ၈ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ် ၀န်ကြီးချုပ်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ရွေးချယ်ခန့်အပ်ရေး၊ သမ္မတနဲ့ ဒု-သမ္မတတွေကို လွှတ်တော်ကိုယ်စားလှယ်ထဲကနေ ရွေးချယ်ဖို့ စတဲ့ ပြင်ဆင်ရေးမူကြမ်းတွေ ရှုံးနိမ့်ခဲ့တာပါ။

ပုဒ်မနဲ့ ပုဒ်မခွဲ ၂၀ ကျော်ကို ပယ်ဖျက်၊ ပြင်ဆင်၊ အစားထိုးဖို့ မူကြမ်းကို တင်ခဲ့ပေမယ့် တပ်မတော်သားတွေဘက်က တစိုက်မတ်မတ် ကန့်ကွက်ဆွေးနွေးခဲ့သလို မဲခွဲဆုံးဖြတ်ရာမှာလည်း ကိုယ်စားလှယ် ၄၀၀ ၀န်းကျင်ကပဲ ထောက်ခံလို့ ၇၅ ရာခိုင်နှုန်း မကျော်ဘဲ မပြင်ဆင်နိုင်ခဲ့ပါဘူး။

ကိုယ်စားလှယ် ဒေါ်နန်းဝါနုက “ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် အလျှော့အတင်းလုပ်ဖို့ အကွက်ချန်ထားတယ်လို့ မြင်တယ်။” လို့ ဆိုပါတယ်။

ဒါပေမယ့် တိုင်းနဲ့ ပြည်နယ်တွေရဲ့ စီးပွားရေး၊ လူမှုရေး စတာတွေကို စီမံခန့်ခွဲနိုင်ခွင့် ဖြည့်စွက်ချက်တွေ အားလုံးကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီဖြည့်စွက်ချက် ၅၀ လောက်ကိုတော့ ကိုယ်စားလှယ် ၅၀၀ ကျော်က ထောက်ခံပြီး ဖြည့်စွက်နိုင်ခဲ့တာပါ။

ဒီဖြည့်စွက်ချက်တွေအရ လုပ်ပိုင်ခွင့် ပိုလာတယ်လို့ မြင်ရပေမယ့် ပြည်ထောင်စုအစိုးရက ပြဋ္ဌာန်းတဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်လို့ ချုပ်ကိုင်ထားတဲ့ အပေါ်မှာတော့ ဝေဖန်နေကြပါတယ်။

“သူတို့ပေးတာကိုပဲယူ၊ ပေးသလောက်ပဲယူ ဆိုတဲ့သဘော ဖြစ်နေတယ်။” လို့ ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရေးအတွက် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်လို့ ပြဋ္ဌာန်းထားပြီး ဇူလိုင် ၈ ရက်နေ့ တက်ရောက်တဲ့ လူဦးရေ အခြေအနေအရ ရွေးကောက်ခံ ကိုယ်စားလှယ်အားလုံးက ထောက်ခံမဲပေးပေမယ့် ၇၅ ရာခိုင်နှုန်းတောင် မပြည့်နိုင်ဘူးလို့ လွှတ်တော်နာယက သူရဦးရွှေမန်းက မဲမပေးခင်မှာ ပြောကြားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013