DVB Logo
Home
မြန်မာသတင်း
ဗီယက်နမ် နည်းပညာကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရ
DVB
·
July 8, 2015
ဗီယက်နမ် နည်းပညာကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရ
Donate to DVB

ဗီယက်နမ်နိုင်ငံ နည်းပညာဦးဆောင်ကုမ္ပဏီ တခုဖြစ်တဲ့ FPT ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရတဲ့ ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတခုဖြစ်လာတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက FPT ကုမ္ပဏီကို ၁၅ နှစ် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ချပေးလိုက်တာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့အခြေစိုက် ကုမ္ပဏီအနေနဲ့ အွန်လိုင်းဂိမ်း၊ အီး-သတင်းစာ၊ အင်တာနက်ဝက်ဘ်ဆိုဒ်နဲ့ အီး-ကုန်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေမှာ လုပ်ကိုင်ခွင့်ပေးမယ်လို့ အဲဒီကုမ္ပဏီ ထုတ်ပြန်ချက်တခုက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ FPT ကုမ္ပဏီဟာ မနှစ်ကတော့ ရင်းနှီးမြှုပ်နှံမှု ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်း ရှိခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က နိုင်ငံခြား တယ်လီကွန်းဆက်သွယ်ရေး ကုမ္ပဏီတွေ ၀င်လာအပြီးမှာ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးလာခဲ့ပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဖုန်း အသုံးပြုမှု မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013