DVB Logo
Home
မြန်မာသတင်း
ပန်းရောင်ကတ် ဖြင့် နေရပ်ပြန်သူများကို ဘန်ကောက် မြန်မာသံရုံး အသိပေးချက်ထုတ်
DVB
·
July 8, 2015
ပန်းရောင်ကတ် ဖြင့် နေရပ်ပြန်သူများကို ဘန်ကောက် မြန်မာသံရုံး အသိပေးချက်ထုတ်
Donate to DVB

ထိုင်းနိုင်ငံအတွင်း ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတွေ နေရပ်ပြန်တဲ့အခါ သံရုံးထောက်ခံချက်အပြင် နယ်မြေအလုပ်သမားဌာန ထောက်ခံစာနဲ့ အလုပ်ရှင် ထောက်ခံစာ တို့ပါ ပူးတွဲယူဆောင်သွားကြဖို့ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေး နှိုးဆော်လိုက်ပါတယ်။

ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ပန်းရောင်ကတ်ကိုင်ထားသူ ရွှေ့ပြောင်း မြန်မာအလုပ်သမား အများစုဟာ နိုင်ငံကူးလက်မှတ်လုပ်ဖို့ လိုအပ်တဲ့ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း မရှိကြပါဘူး။

ဇူလိုင်လဆန်းပိုင်း သံရုံးက ထုတ်ပေးတဲ့ ခရီးသွားလာခွင့် ထောက်ခံစာနဲ့ မှတ်ပုံတင်၊  သန်းခေါင်စာရင်းလုပ်ဖို့ နေရပ်ပြန်ကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတွေရဲ့ ဖမ်းဆီးခံရပြီးတဲ့နောက် ဇူလိုင် ၆ ရက်နေ့က သံရုံးကြေညာချက် ထွက်ပေါ်ခဲ့တာပါ။

ထိုင်းနိုင်ငံမှာ စစ်အစိုးရတက်ခဲ့တဲ့နောက် ၂၀၁၄ ခုနှစ် ဇူလိုင်လကုန်ပိုင်းလောက်ကစပြီး မြန်မာအပါအ၀င် နိုင်ငံတွင်း အထောက်အထားမဲ့ အလုပ်သမားတွေကို အလုပ်လုပ်ခွင့် ပန်းရောင်ကတ် လုပ်ပေးခဲ့ပါတယ်။

အဲဒီကတ်လုပ်ပေးခဲ့တဲ့ နောက်ဆုံးရက် အောက်တိုဘာလကုန်ကနေ ၆ လအတွင်း မြန်မာအစိုးရက နိုင်ငံကူးလက်မှတ် လုပ်ပေးရမှာ ဖြစ်ပေမယ့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

ဒီအတွက် ထိုင်းအစိုးရကပဲ ပြီးခဲ့တဲ့လအတွင်း ပန်းရောင်ကတ် ကိုင်ထားသူတွေကို လာမယ့် ၂၀၁၆ ခုနှစ် မေလကုန်အထိ ၁ နှစ်သက်တမ်းတိုး လုပ်ဆောင်ပေးခဲ့ပါတယ်။

ဒီအတောအတွင်း ဘန်ကောက်အခြေစိုက် မြန်မာသံရုံးက နေရပ်ပြန်ပြီး မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း လုပ်လိုသူတွေကို ခရီးသွားလာခွင့် ထောက်ခံစာ ထုတ်ပေးမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

လတ်တလော ထိုင်းစစ်အစိုးရလက်ထက် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆ သိန်းခွဲလောက် ရှိပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းတွေက မြန်မာအစိုးရအနေနဲ့ ၂၀၀၉ ခုနှစ်တုန်းကလိုပဲ ထိုင်းနိုင်ငံတွင်း လာရောက်ပြီး ယာယီ နိုင်ငံကူးလက်မှတ် လုပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဒီလို လာရောက်လုပ်ဆောင်ပေးရင် မြန်မာအလုပ်သမားတွေအနေနဲ့ ငွေကုန်ကြေးကျ မများတဲ့အပြင် ခရီးစရိတ်မကုန်ဘဲ အလုပ်မပျက်ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013