DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ၁ ဦး လွတ်မြောက်
DVB
·
July 8, 2015
ဖမ်းဆီးခံ ကျောင်းသားခေါင်းဆောင် ၁ ဦး လွတ်မြောက်
Donate to DVB

ဇူလိုင် ၇ ရက်နေ့က ရန်ကုန် အင်းလျားလမ်းမီးပွိုင့်မှာ ဖမ်းဆီးခံရတဲ့ တကသ ကျောင်းသားခေါင်းဆောင် ၂ ဦးထဲက ကိုပိုင်ဖြိုးမင်း အဲဒီနေ့ည ၇ နာရီခွဲမှာ ပြန်လွတ်မြောက်လာပါတယ်။

ပြန်လွတ်လာသူ ကိုပိုင်ဖြိုးမင်းက သူတို့ကို အင်းလျားလမ်းမီးပွိုင့်မှာ အရပ်ဝတ် လူ ၁၀ ဦးလောက်က အကြမ်းဖက် ဖမ်းဆီးခဲ့တာလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ကို မီးပွိုင့်မှာ ကား ၂ စီးပေါ့နော်။ တစီးက ကျနော်တို့ဆီကို ကွေ့သလိုနဲ့ ကျနော်တို့ကားရှေ့မှာ ထိုးရပ်လိုက်တယ်။ အဲမှာ ကားပေါ်က လူကြီးတယောက် ဆင်းလာပြီးတော့ ပထမဦးဆုံး ရှေ့ခန်းမှာထိုင်တဲ့ ကိုစိုးထက်ရဲ့ တံခါးကိုဖွင့်တာ၊ လော့ချထား တော့ ဖွင့်မရဘူး။ ဒါနဲ့ ကိုဇေယျာလွင်ထိုင်တဲ့ အနောက်ခန်းတံခါးကို ပြန်ဆွဲဖွင့်တယ်။ ဖွင့်တော့ ကိုဇေယျာလွင်က တခါးကိုပြန်ဆွဲပိတ်တယ်။ ကျနော့်ဘက်မှာလည်း လာဖွင့်တော့ ပွင့်သွားတယ်။ ကျနော့်ကို အရင်ဆုံး လက်နှစ်ဘက်ကို ချုပ်ပြီး ကားပေါ် အရင်ပစ်တင်တယ်။ ပြီး ကိုဇေယျာလွင်ကို ကားပေါ်ကနေ အတင်းဆွဲချတယ်။ အဲမှာ ကျောင်းသားတွေကို လာဖမ်းနေပြီလို့ ကိုဇေယျာလွင်က အော်တဲ့အချိန်မှာ လူ ၅ ယောက်လောက်က ကိုဇေယျာလွင်ကို ချုပ်ထားတယ်။ သူတို့က ကား ၂ စီးနဲ့လာတာဆိုတော့ လူ ၁၀ ယောက်လောက်ရှိမယ်၊ အရပ်ဝတ်တွေနဲ့ပဲ။ အဲမှာ ရုန်းရင်းဆန်ခတ်ပုံစံ ဖြစ်သွားတယ်။ မျက်နှာတွေကိုလည်းထိုးတယ်။ အင်္ကျီတွေဆိုရင်လည်း ရစရမရှိအောင် ပြဲသွားတယ်။”

သူတို့ကို ဖမ်းဆီးပြီးနောက် ကိုဇေယျာလွင်ကို ပန်းဘဲတန်းတရားရုံးမှာ ရမန်ယူပြီး အင်းစိန်ထောင်ကို ပို့ခဲ့တယ်လို့ ပြောပါတယ်။

သူ့ကိုတော့ ပန်းဘဲတန်းရဲစခန်းကို ခေါ်လာပြီး စစ်ဆေးမေးမြန်းမှု လုပ်သလို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပြီး ပြန်လွှတ်ပေးလိုက်တာလို့ ပြောပါတယ်။

ကိုဇေယျာလွင်ဟာ အရင်ကတည်းက ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တွေနဲ့ ၀ရန်းထုတ်ခံရသူ ဖြစ်တဲ့အတွက် သူ့ကို အင်းစိန်ထောင် ပို့လိုက်တာလို့လည်း ကိုပိုင်ဖြိုးမင်းက ပြောပါတယ်။

ဆဲဗင်းဇူလိုင် ၅၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တက္ကသိုလ်ထဲမှာ ဟောပြောပွဲနဲ့ အောက်မေ့ဖွယ် အခမ်းအနား ကျင်းပပြီး အပြန် ညနေ ၄ နာရီကျော်လောက်မှာ ခုလို ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013