DVB Logo
Home
မြန်မာသတင်း
ဟင်္သာတ ဇလွန် ရေကာတာ ကမ်းပြိုမှု ဒေသခံများ စိုးရိမ် (သတင်းဓာတ်ပုံ)
DVB
·
July 8, 2015
ဟင်္သာတ ဇလွန် ရေကာတာ ကမ်းပြိုမှု ဒေသခံများ စိုးရိမ် (သတင်းဓာတ်ပုံ)
1 / 6
Donate to DVB

ဟင်္သာတ ဇလွန် ရေကာတာ မိုင်တိုင်အမှတ် ၁၈/၀ နဲ့ ၁၈/၃ အတွင်း ကမ်းပြိုမှု ဖြစ်နေတာကြောင့် ဇလွန်မြို့နယ် တောင်ဘို့တရာ ကျေးရွာအုပ်စုက ဒေသခံတွေ တာကျိုးပေါက်မှာကို စိုးရိမ်နေကြပါတယ်။

အခုနှစ် ဇွန်လကစပြီး ကမ်းပြိုမှုဟာ မနှစ်ကထက် ပိုများလာတာကြောင့် ဟင်္သာတ ဇလွန် ရေကာတာ မိုင်တိုင်အမှတ် ၁၈/၀ နဲ့ ၁၈/၃ နေရာဟာ ဒေသခံ လူနေအိမ်ခြေတွေနဲ့ ဧရာဝတီတိုင်းဒေသကြီး မြို့နယ်အတော်တော်များများ ထိခိုက်နိုင်တဲ့ နေရာတခုဖြစ်ပါတယ်။

အဲဒီရေကာတာဟာ ဧရာဝတီမြစ်ကမ်းဘေး ဟင်္သာတနဲ့ ဇလွန်မြို့နယ်ကြားရှိ ရေကာတမံ ဖြစ်ပြီး ၁၉၉ဝ လောက်က ရေကာတာဟောင်း ကျိုးပေါက်ခဲ့လို့ လေးကြိမ်လောက် ပြန်တည်ဆောက်ခဲ့ရပါတယ်။

အခု ရေကာတာဟာလည်း ၁၉၉၄ ခုနှစ်က တည်ဆောက်ခဲ့ပြီး နှစ်စဉ် ကမ်းပြိုမှု ကြုံတွေ့နေရပါတယ်။

ဟင်္သာတ ဇလွန် ရေကာတာ မိုင်တိုင်အမှတ် ၁၈/၀ နေရာမှာ တာကျိုးပေါက်ပါက တာဝိုင်းအတွင်းရှိ လူနေအိမ် ၁၅၉ လုံး ထိခိုက်နိုင်ပြီး မိုင်တိုင်အမှတ် ၁၈/၃ မှာ တာကျိုးပေါက်ပါက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတ၊ ဇလွန်၊ ဓနုဖြူ၊ ကျောင်းကုန်း၊ ရေကြည် မြို့နယ်တွေကို ရေဝင်ရောက်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂ဝ၁၂ ခုနှစ်ကစပြီး တာခြေမှ ပေ ၅ဝဝ လောက် ကမ်းပြိုမှုရှိခဲ့ပြီး အခုနှစ် မိုးရာသီအစမှာ ကမ်းပြိုမှု ပိုများလာတာကြောင့် နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးကူညီမှုကို ဒေသခံတွေက မျှော်လင့်နေတာ ဖြစ်ပါတယ်။

လက်ရှိ ကမ်းပြိုမှု ဖြစ်ပေါ်နေတဲ့ ဟင်္သာတ ဇလွန် ရေကာတာ မိုင်တိုင်အမှတ် ၁၈/၀ နဲ့ ၁၈/၃ အတွင်းကို ဆည်မြောင်းဦးစီးဌာနနဲ့အတူ ဒေသခံတွေက ကြိုတင်ကာကွယ်ရေး လုပ်ငန်တွေ တက်အားသရွေ့ လုပ်ဆောင်နေကြပါတယ်။

သတင်းဓာတ်ပုံ - ပြည့်ဖြိုး (စီဂျေ)

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013