DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ယမန်နှစ်ထက် ရောင်းအားကျ
DVB
·
July 7, 2015
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ယမန်နှစ်ထက် ရောင်းအားကျ
Donate to DVB

နှစ်စဉ်ကျင်းပနေကျ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ဒီနှစ်အတွက် ယူရို ၁ ဘီလီယံနီးပါး ရောင်းချခဲ့ရပေမယ့် မနှစ်ကထက်စာရင်တော့ ရောင်းအားကျသွားခဲ့တယ်လို့ ဒီပီအေ သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

နေပြည်တော်မှာ ၁၃ ရက်ကြာ ကျင်းပခဲ့တဲ့ ကျောက်မျက်ရတနာပြပွဲဟာ ဇူလိုင် ၆ ရက်နေ့က ပြီးဆုံးခဲ့ပြီး လေလံအောင် ကျောက်စိမ်းအတွဲပေါင်း ၈၉၄၃ တွဲနဲ့ အခြားကျောက်မျက်ရတနာ ၃၂၃ တွဲ ရောင်းချမှုမှ ယူရို ၉၄၉ မီလီယံ ရရှိခဲ့တယ်လို့ အစိုးရထုတ် ကြေးမုံသတင်းမှာ ဖော်ပြပါတယ်။

မနှစ်ကကျင်းပခဲ့တဲ့ ၅၁ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ စုစုပေါင်း ရောင်းချရငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ရရှိခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၇၄၅၄ တွဲမှ ၆၀၀၇ တွဲ၊ အခြား ကျောက်မျက် ၄၃၆ တွဲမှ ၁၂၆ တွဲ၊ ပုလဲအတွဲ ၃၄၂ တွဲမှ ၂၂၄ တွဲ ရောင်းချခဲ့ရတာပါ။

“ဒီနှစ်မှာ ပုလဲအတွဲတွေ လေလံမအောင်ဘူး၊ ဈေးလည်းကျတယ်။ ကျောက်စိမ်းအတွဲတွေလည်း ရောင်းအားကျတဲ့အတွက် မနှစ်ကထက် ရောင်းအားကျတာပါ။” လို့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတဦးက ဒီပီအေ သတင်းဌာနကို ပြောပါတယ်။

တရုတ်၊ ဟောင်ကောင်၊ ထိုင်းနဲ့ ဂျပန် နိုင်ငံတွေက ကျောက်မျက်ရတနာကုန်သည် ၄၅၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ ပွဲကျင်းပသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၁၉၆၄ ခုနှစ်ကတည်းက နှစ်စဉ် ကျောက်မျက်ရတနာပြပွဲတွေကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013