DVB Logo
Home
မြန်မာသတင်း
ဂျပန်ကုမ္ပဏီ ၂ ခုနှင့်ပူးပေါင်းပြီး မြန်မာဆက်သွယ်ရေးလုပ်ငန်း မြှင့်တင်မည်
DVB
·
July 7, 2015
ဂျပန်ကုမ္ပဏီ ၂ ခုနှင့်ပူးပေါင်းပြီး မြန်မာဆက်သွယ်ရေးလုပ်ငန်း မြှင့်တင်မည်
Donate to DVB

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT) နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်ကုမ္ပဏီ ၂ ခုဖြစ်တဲ့ KDDI နဲ့ Sumitomo ကော်ပိုရေးရှင်းတို့ဟာ လာမယ့်နှစ်မှာ ဆက်သွယ်မှုကွန်ရက်ပိုမို ကောင်းမွန်လာအောင် မြှင့်တင်ဖို့ လက်ရှိမိုဘိုင်းဆက်သွယ်ရေးစခန်းတွေရဲ့ ၂ ဆကျော်  ၅၀၀၀ ကျော်ထိ ရှိလာအောင်တည် ဆောက်သွားမယ်လို့ ဂျပန်အခြေစိုက် Nikkei သတင်းမှာ ဖော်ပြပါတယ်။

အဲဒီဂျပန်အခြေစိုက်ကုမ္ပဏီ ၂ ခုဟာ လက်ရှိအချိန်ထိမိုဘိုင်းဆက်သွယ်ရေးစခန်း ၂၀၀၀ နဲ့လည်ပတ် နေပြီး အရှေ့တောင်အာရှမှာ ဖြစ်ပေါ်လာမယ့် မိုဘိုင်းဈေးကွက်သစ်မှာ ယန်းငွေ ၂၀၀ ဘီလီယမ်(အ မေရိကန်ဒေါ်လာ ၁ ဒဿမ ၆၁ ဘီလီယမ်) ရင်းနှီးမြုပ်နှံသွားမယ်လို့ဆိုပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)ဟာ မြန်မာပြည်တွင်းဆက်သွယ်ရေးကွန်ရက် ဖြန့်ကြက်မှု အတွက် ပြည်ပမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတွေကို ၂၀၁၃ ခုနှစ်မှာ တင်ဒါခေါ်ယူခဲ့ပြီး ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကုမ္ပဏီနဲ့ နော်ဝေးနိုင်ငံအခြေစိုက် တယ်လီနောကုမ္ပဏီတွေ က တင်ဒါအောင်မြင်ခဲ့ကြတာပါ။ ဂျပန်ကုမ္ပဏီတွေကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖိတ်ခေါ်မှုနဲ့ ၂၀၁၄ ခုနှစ်မှသာ အားကောင်းတဲ့ယှဉ်ပြိုင်မှုတွေနဲ့ ဈေးကွက်ထဲ ပြန်လည် ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

ပြည်တွင်းက ရိုးမကုမ္ပဏီနဲ့ပူးပေါင်းထားတဲ့ ဒီဂျစ်ဆဲလ်ကုမ္ပဏီဟာလည်း တင်ဒါခေါ်ယူမှုမှာ မအောင် မြင်ခဲ့ပေမယ့် မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်မှုလုပ်ငန်းတွေမှာတော့ အလျင်အမြန်တိုး  တက်လာခဲ့တယ်လို့ဆိုပါတယ်။

ဒီဂျစ်ဆဲလ်ကုမ္ပဏီဟာ ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးကမ္ပဏီအတွက် မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင် ၁၂၅၀ တည်ဆောက်ပေးခဲ့ပြီး ဆက်သွယ်ရေးတာဝါတိုင် တည်ဆောက်ရေးလုပ်ငန်း တွေနဲ့ပတ် သက်တဲ့ မြန်မာပြည်တွင်းလုပ်ငန်းတွေမှာ အမေရိကန်ဒေါ်လာ ၉၀ မီလီယမ်ထိ ထပ်မံရင်းနှီးမြှုပ်နှံသွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

KDDI နဲ့ Sumitomo ကော်ပိုရေးရှင်းတွေအနေနဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အရောင်းကိုယ် စားလှယ်ဆိုင်တွေကို မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်၊နေပြည်တော်နဲ့ မန္တလေးမြို့ တွေမှာ လုပ်ဆောင်နိုင် ဖို့ရည်ရွယ်ပြီး လာမယ့်ကာလမှာ သူတို့ရဲ့ စမတ်ဖုန်း ထုတ်ကုန်တွေနဲ့ အတူ ကိုယ်စားလှယ်ဆိုင်တွေကို မြို့ပေါင်း ၅ မြို့ကနေ ၅၀ လောက်ထိ တိုးချဲ့ဝန်ဆောင်မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာဈေးကွက်ထဲကို တနှစ်မှာ ဆင်းကတ် ၁၂ မီလီယမ်ဖြန့်ဖြူးရောင်းချနိုင်ဖို့ ရည်ရွယ်ထား တာဖြစ်ပြီး ကြော်ငြာမီဒီယာတွေကတဆင့် ဈေးကွက်ထဲရောက်ရှိအောင် လုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အော်ရီဒူးနဲ့ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီတွေက ဖုန်းခေါ်ဆိုခကို အပြိုင်အဆိုင်လျှော့ချ ပေးပြီး သုံးစွဲသူတွေကို ဆွဲဆောင်နေချိန်မှာ သူတို့အနေနဲ့ ပိုကောင်းတဲ့ ဆက်သွယ်မှု ကွန်ရက်တွေနဲ့ အထူးအရောင်းကိုယ်စားလှယ်တွေကတဆင့် ၀န်ဆောင်မှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။

KDDI နဲ့ Sumitomo ကော်ပိုရေးရှင်းတွေဟာ မွန်ဂိုလီးယားနိုင်ငံမှာလည်း ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပြီး တိုးတက်လာမယ့် မြန်မာ့မိုဘိုင်းဈေးကွက်ကတဆင့် အရှိန်အဟုန်မြှင့်တိုး တက်မှုတွေရလာမယ်လို့ မျှော်လင့်ထားတယ်လို့သတင်းမှာ ဖော်ပြပါတယ်။

သန်း ၆၀ လူဦးရေရှိတဲ့ မြန်မာနိုင်ငံမှာ မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းတွေအနေနဲ့ အလားအလာ ကောင်းတွေ ရှိနေတုန်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ တနိုင်ငံလုံးဆက်သွယ်မှုကွန်ရက်လွှမ်းခြုံမှုဟာ ၁၀ ရာခိုင်နှုန်းသာရှိခဲ့ရာကနေ ပြည်ပ မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီတွေ ဈေးကွက်ထဲဝင်လာပြီးနောက်ပိုင်း တနှစ်အတွင်းမှာ ၂၀ ရာခိုင်နှုန်း ထိရောက်ရှိလာခဲ့တာပါ။ မြန်မာအစိုးရကတော့ ၂၀၁၆ ခုနှစ်မှာ ၈၀ ရာခိုင်နှုန်းအထိ မြှင့်တင်ဖို့ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013