DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆို
DVB
·
July 6, 2015
ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆို
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအနှံ့ အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဇူလိုင်လ ၅ ရက်နေ့က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က တောင်ဒဂုံမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ နေအိမ်တွေကို လိုက်လံတွေ့ဆုံ အားပေးမှုအပြီး အခုလို ပြောဆိုလိုက်တာပါ။

ဇူလိုင်လ ၅ ရက်နေ့ က နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က တောင်ဒဂုံမှာရှိတဲ့ ဦးနေမျိုးဇင် နေအိမ်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အိမ် ၆ အိမ်ကို သွားရောက်သတင်းမေးမြန်း ခဲ့ပါတယ်။ ကိုနေမျိုးဇင်ရဲ့ ဇနီးဖြစ်သူကတော့ တရုတ်သံရုံးရှေ့ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ထောင် ၄ နှစ် ၄ လ ချတာဟာ မတရားဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနဲ့ ၂၀၁၁ ခုနှစ်ကလည်း နိုင်ငံရေးကြောင့် အကျဉ်း ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့နေအိမ်တွေကိုလိုက်လံသတင်းမေးမြန်းတာတွေ ပြုလုပ်ခဲ့ ဖူးပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းအကျဉ်းထောင်တွေမှာနိုင်ငံရေးအကျဉ်းသားပေါင်း ၁၆၃ ဦး ဖမ်းဆီး ခံနေရပြီး နိုင်ငံရေးလှုပ်ရှားမှုများကြောင့် တက်ကြွလှုပ်ရှားသူ ၄၄၂ ဦး တရား ရင်ဆိုင်နေရကြောင်းနဲ့ အကျဉ်းထောင်တွေထဲက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ ကျန်းမာရေး အခြေအနေဟာ ယခုလပိုင်းသိသိသာသာ ဆိုးရွားလာနေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013