DVB Logo
Home
မြန်မာသတင်း
အမ်ပီတီက ဆွေသဟာဖြင့် ဖုန်းပြောခဈေးနှုန်းလျှော့ချ
DVB
·
July 5, 2015
အမ်ပီတီက ဆွေသဟာဖြင့် ဖုန်းပြောခဈေးနှုန်းလျှော့ချ
Donate to DVB

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ) က ဖုန်းခေါ်ဆိုခနှုန်းထားတွေကို လျှော့ချတော့မယ်လို့ ဇူလိုင် ၅ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆွေသဟာအစီအစဉ်သုံးတဲ့ ဂျီအက်စ်အမ်ဖုန်းတွေနဲ့  စီဒီအမ်အေ ၄၅၀/၈၀၀ ဖုန်းခေါ်ဆိုခတွေကို တစ်မိနစ်မှာ ၂၃ ကျပ် သတ်မှတ်လိုက်တာပါ။

ဒီသတ်မှတ်နှုန်းဟာ ဇူလိုင်လ ၈ ရက်နေ့ နံနက် အချိန်က စမှာဖြစ်ပါတယ်။  ဒါဟာ ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော အမ်ပီတီ ဖုန်းက တခြားအော်ပရေတာတွေရဲ့ ဖုန်းတွေကို ခေါ်တာရောအတွက်ပါဖြစ်ပါတယ်။ အင်တာနက်သုံးခနဲ့ မက်ဆေ့ဂ်ျ ပို့ခတွေကတော့ အရင်အတိုင်းပဲ ဖြစ်မှာပါ။

စီဒီအမ်အေ သုံးစွဲသူတွေအတွက် ဒီနှုန်းထားကို အလိုအလျောက်ရမှာဖြစ်ပေမယ့် ဂျီအက်စ်အမ် သုံးသူတွေကတော့ ဆွေသဟာ အစီအစဉ်ကိုရယူရမှာဖြစ်ပြီး ၁၃၃၂ ကို SWE လို့ စာတိုပေးပို့ရမှာပါ။

ဈေးနှုန်းအသစ်သတ်မှတ်တဲ့ အထိမ်းအမှတ်အဖြစ် ဇူလိုင်လ ၅ ရက်ကနေ ရ ရက်နေ့အတွင်း ငွေဖြည့်ရာမှာလည်း အပိုထပ်ဆောင်းငွေတွေပေးမယ်လို့ ကြေညာထားပါတယ်။

မြန်မာ့ ဆက်သွယ်ရေးဈေးကွက်ကို တဦးတည်းချုပ်ကိုင်ခဲ့တဲ့ အမ်ပီတီ ဟာ နိုင်ငံခြား အော်ပရေတာနှစ်ခု စတင်လုပ်ကိုင်လာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ သုံးစွဲသူ ၁၁ သန်းရှိခဲ့တာကနေ မတ်လကုန်မှာ ၈ ဒသမ ၄ သန်းအထိ လျော့ကျသွားခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013