DVB Logo
Home
အားကစား
ခရစ္စတယ်ပဲလေ့စ်အသင်း ကွန်းဖရင့်လိဂ်ဖလား ဆွတ်ခူး
DVB
·
May 28, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်မြို့မှာ ဒီမနက်အစောပိုင်း ကျင်းပတဲ့ ယူအီးအက်ဖ်အေ ကွန်းဖရင့်လိဂ် ဗိုလ်လုပွဲမှာ ခရစ္စတယ်ပဲလေ့စ်အသင်းက  ရာယိုဗယ်လကန်နိုကို ၁ ဂိုး - ဂိုးမရှိနဲ့ အနိုင်ရပြီး သမိုင်းတလျှောက် ပထမဆုံး ဥရောပဖလားကို ဆွတ်ခူးသွားပါတယ်။

ဒီပွဲမှာ ပဲလေ့စ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို တိုက်စစ်မှူး မာတီတာက ဒုတိယပိုင်းမှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အဒမ်ဝှာတန်ရဲ့ အဝေးကန်ချက်ကို ရာယိုဂိုးသမား ပုတ်ထုတ်လိုက်ရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို မာတီတာက အနီးကပ် ပိတ်သွင်းခဲ့တာပါ။

ဒီနိုင်ပွဲကြောင့် ပဲလေ့စ်အသင်းဟာ လာမဲ့ရာသီမှာ ယူရိုပါလိဂ် ယှဉ်ပြိုင်ခွင့် ရရှိသွားပါတယ်။ ပဲလေ့စ်ကို ဥရောပဖလားအပြင် ပြီးခဲ့တဲ့ ၁၂ လအတွင်း အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ ရယူပေးခဲ့တဲ့ နည်းပြ အိုလီဗာဂလက်စနာအတွက်လည်း ဒါဟာ ပြီးပြည့်စုံတဲ့ နှုတ်ဆက်ပွဲ ဖြစ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013