DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် မဲစာရင်း စိစစ်
DVB
·
July 5, 2015
ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ်တွင် မဲစာရင်း စိစစ်
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ မဲဆန္ဒ နယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်ကို ဇူလိုင်လ ၄ ရက်နေ့ သွားရောက်ခဲ့ပြီး မဲစာရင်း စိစစ်ခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရေးမှူး၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး မဲစာရင်း ပြုစုတာနဲ့ ပက်သက်လို့  ဆွေးနွေးခဲ့ပါတယ်။

ကော့မှူးမြို့နယ်မှာ အခြေခံ မဲစာရင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ပေမယ့် အခုအချိန်အထိ ကြည့်ရှုသူ နည်းပါးနေတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရွေးကောက်ပွဲမှာ မဲပေးနိုင်တဲ့သူတွေ အားလုံး မဲပေးဖို့၊ မဲမေးခွင့် မရရင် ကိုယ့်နိုင်ငံကို ဘယ်လိုစနစ်နဲ့ အုပ်ချုပ်မလဲ ဆိုတာကို ဆုံးဖြတ်တဲ့ နေရာမှာ ကိုယ်မပါဘူး ဆိုတဲ့ သဘော ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကိုယ်တိုင် တအိမ်တက်ဆင်း မဲစာရင်း စိစစ်တာနဲ့ ပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

အခု ထုတ်ပြန်ထားတဲ့ မဲစာရင်း အမှားအယွင်းတွေ များနေတဲ့အတွက် အဖွဲ့ချုပ်အနေနဲ့ ဇူလိုင် ၆ ရက်နေ့မှာ ပြည်ထောင် ရွေးကောက်ပွဲ ကော်မရှင်တွေ့ဆုံပြီး ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013