DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက် မြန်မာများ မဲစာရင်းစစ်ဆေးရာတွင် အခက်ကြုံ
DVB
·
July 5, 2015
ပြည်ပရောက် မြန်မာများ မဲစာရင်းစစ်ဆေးရာတွင် အခက်ကြုံ
Donate to DVB

ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးနိုင်ကြောင်း ထိုင်း၊ စင်ကာပူ၊ ၀ါရှန်တန်ဒီစီ အစရှိတဲ့ မြန်မာသံရုံးတွေက ထုတ်ပြန်ထားပေမယ့် ပြည်ပနိုင်ငံတွေရှိ သန်းနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေအတွက် မဲစာရင်း စစ်ဆေးရာမှာ အခက်အခဲ ကြီးကြီးမားမား ရှိနေပါတယ်။

သံရုံးတွေရဲ့ ထုတ်ပြန်ချက်အရ  နိုင်ငံကူး လက်မှတ်၊ နိုင်ငံသားကတ်ရှိတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေက ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ နာမည်ပါ မပါ၊ အချက်အလက် မှန်မမှန်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ကိုယ် အရင်ဆုံး စစ်ဆေးရမှာဖြစ်ပါတယ်။

မဲစာရင်းမှာပါလာမှ "ပြင်ပရောက် ဆန္ဒမဲပေးခွင့် ပုံစံ(၁၅)" ကို သံရုံးဝက်ဘ်ဆိုဒ်တွေကနေ ရယူဖြည့်စွက်ပြီး နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မိတ္တူတွေနဲ့အတူ သက်ဆိုင်ရာ မြန်မာသံရုံးတွေကို ပေးပို့ရမှာဖြစ်ပါတယ်။

ဒါအပြင် ပြည်ပရောက် မြန်မာတွေအနေနဲ့ အင်တာနက်ကနေတဆင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ၀ပ်ဆိုဒ် checkvoterlist.uecmyanmar.org မှာ ရှာဖွေရာမှာ အခုချိန်ထိ နာမည်မပါတာ၊ မြို့နယ်အလိုက် မပါရှိတာတွေ ဖြစ်နေရပြီး မဲစာရင်းပါအောင် သံရုံးကတဆင့် ဆက်လက် လုပ်ဆောင်လို့မရတဲ့အတွက် အခက်ကြံနေရပါတယ်။

ရွေးကောက်ပွဲကော်မရှင် ၀က်ဘ်ဆိုဒ်ကနေ မဲစာရင်းစစ်ဖို့ ကြည့်ရာမှာ တာမွေမြို့နယ်တခုလုံး စာရင်းမပါသေးတဲ့အတွက် ခုချိန်ထိ နာမည်ပါ မပါ မသိရသေးဘူးလို့ အရင် ၂၀၁၀၊ ၂၀၁၂ တွေတုန်းက မဲပေးခဲ့ပြီး အခုလက်ရှိ စင်ကာပူမှာ မိသားစုလိုက် နေထိုင် အလုပ်လုပ်ကိုင်နေတဲ့ ကိုဖိုးသားက ပြောပါတယ်။

သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ အများစုရှိရာ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို ရောက်ရှိနေသူတွေထဲမျာလည်း အခြေခံမဲစာရင်း စစ်ဆေးဖို့၊ နာမည်ရှာမရရင် ဆက်လက်လုပ်ဆောင်ဖို့ အခက်အခဲတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံက တိုင်း ၆ ခုနဲ့ ပြည်နယ် ၃ ခုမှာ အခြေခံ မဲစာရင်းတွေ ထုတ်ပြန်ထားတာ ဒီနေ့ ဇူလိုင် ၅ ရက်နေ့က နောက်ဆုံးနေ့ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုတွေ များပြားနေတာကြောင့် ပြင်ဆင်ဖို့ ရက်ကိုတော့ အကန့်အသတ်မရှိ တိုးမြှင့်ထားပါတယ်။

ကြိုတင်မဲပေးမှုကို ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013