DVB Logo
Home
မြန်မာသတင်း
ထားဝယ်အထူးစီးပွားဇုန် ပူးပေါင်းလုပ်ရန် မြန်မာ-ဂျပန်-ထိုင်း လက်မှတ်ရေးထိုး
DVB
·
July 5, 2015
ထားဝယ်အထူးစီးပွားဇုန် ပူးပေါင်းလုပ်ရန် မြန်မာ-ဂျပန်-ထိုင်း လက်မှတ်ရေးထိုး
Donate to DVB

ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုတွေကို ၃ နိုင်ငံ ပူးပေါင်းလုပ်ဆောင်ဖို့ ဂျပန်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကြားမှာ သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမှာ ဂျပန်- မဲခေါင် ထိပ်သီးဆွေးနွေးပွဲကို သမ္မတ ဦးသိန်းစိန် တက်ရောက်နေတုန်းမှာ ဇူလိုင် ၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့တာလို့ ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

ထားဝယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အခြေခံအဆောက်အဦ တည်ဆောက်ရေးကဏ္ဍအတွက် သုံးစွဲဖို့  ဂျပန်က အမေရိကန်ဒေါ်လာ သန်း ၈၁၂ သန်းကျော် ချေးဖို့ကိုလည်း သဘောတူလိုက်ပါတယ်။

ချေးငွေတွေကို  ၃ နှစ်အတွင်းမှာ ထုတ်ပေးဖို့  သဘောတူထားပြီး အဲဒီထဲက ဒေါ်လာ ၃၃၄ သန်းကျော်ကို စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍနဲ့  ဒေါ်လာ သန်း ၂၀၀ ကျော်ကို ရန်ကုန်က မီးရထားလမ်းတွေ အဆင့်မြှင့်တင်ရေးမှာ အသုံးပြုရမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကို လုပ်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းတွေအတွက် စွမ်းအင်အရင်းအမြစ်တွေကို အီတာလျံထိုင်း ကုမ္ပဏီက ရှာဖွေ မပေးနိုင်ခဲ့တဲ့အတွက် နှစ်နဲ့ချီပြီး ကြန့်ကြာခဲ့ရပါတယ်။

အခုလို လက်မှတ်ထိုးလိုက်ပေမယ့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတခုလုံးအတွက် အသေးစိတ် အစီအစဉ်တွေကို သက်ဆိုင်ရာ နိုင်ငံတွေကြားမှာ ဆက်လက်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

စီမံကိန်းဟာ ဧရိယာ စတုန်ရန်းမိုင် ၁၀၀ လောက် ကျယ်ဝန်းသလို အရှေ့တောင်အာရှမှာ အကြီးမားဆုံး စက်မှုဇုန်တခု ဖြစ်လာဖို့ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013