DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသား အဆင့်မြင့်အဖွဲ့နှင့်ဆွေးနွေးပွဲ အောင်မြင်ဟု ဦးအောင်မင်းပြော
DVB
·
July 5, 2015
တိုင်းရင်းသား အဆင့်မြင့်အဖွဲ့နှင့်ဆွေးနွေးပွဲ အောင်မြင်ဟု ဦးအောင်မင်းပြော
1 / 4
Donate to DVB

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ အကြိုညှိနှိုင်းဆွေးနွေးပွဲ အောင်မြင်ပြီး ရန်ကုန်မှာ ဆက်လက်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဦးအောင်မင်းခေါင်းဆောင်တဲ့ အစိုးရအဖွဲ့နဲ့ နော်စီဖိုးရာစိန်ခေါင်းဆောင်တဲ့ တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ဟာ ဇူလိုင် ၃ နဲ့ ၄ နှစ်ရက်တာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဆွေးနွေးခဲ့ကြပြီး ဆက်လက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြတာဖြစ်ပါတယ်။

အစိုးရအဖွဲ့ခေါင်းဆောင် ၀န်ကြီးဦးအောင်မင်းက ချင်းမိုင်ဆွေးနွေးပွဲ အောင်မြင်တယ်လို့ ဇူလိုင် ၄ရက် ဆွေးနွေးပွဲအပြီး မီဒီယာကို ပြောပါတယ်။

“ဒီနေ့စည်းဝေးပွဲအောင်မြင်တယ်၊ ကျနော်တို့က အန်စီအေ လက်မှတ်ရေးထိုးဖို့အတွက် တံခါးတချပ် ဖွင့်လိုက်နိုင်တယ်။ အန်စီအေထိုးဖို့ ကျနော်တို့က ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် ကြားထဲမှာတော့ ဆက်ပြီး ဆွေးနွေးဖို့ ရှိတယ်။ အက်စ်ဒီ(senior delegation-တိုင်ရင်းသားအဆင့်မြင့်အဖွဲ့) ကို ရန်ကုန်ကိုဖိတ်မယ်၊ ဖိတ်ပြီးတော့  ရန်ကုန်မှာ ဆွေးနွေးမယ်၊ အဆင့်တဆင့် တက်သွားပြီလို့ ပြောလို့ရပါတယ်။”

ဇူလိုင်တတိယပတ်အတွင်း နှစ်ဘက် ရန်ကုန်မှာ ဆက်လက်ဆွေးနွေးကြမယ်လို့လည်း ပြောပါတယ်။

အစိုးရဘက်က လော်ခီးလာညီလာခံက ဖွဲ့ပေးခဲ့တဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို လက်မခံလိုတဲ့သဘော ပြောထားပေမယ့် ဇူလိုင် ၃ရက်မှာတော့ နှစ်ဘက် အကြိုညှိနှိုင်းပွဲ စတင်နိုင်ခဲ့ပါတယ်။

ဇူလိုင် ၃ ရက် ဆွေးနွေးပွဲမှာ အစိုးရက နှစ်ဘက်သဘောတူလက်မှတ်ထိုးထားတဲ့ အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ချင်ဘူးလို့ ထုတ်ပြောခဲ့ပြီး တိုင်းရင်းသားတို့ဘက်ကတော့ ဆက်ပြီးညှိမယ်လို့ ပြောခဲ့ပါတယ်။

တိုင်းရင်းသားအဆင့်မြင့်အဖွဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးက လော်ခီးလာညီလာခံဆုံဖြတ်ချက်ကို အပိုင်းလေးပိုင်းခွဲပြီး ဆက်ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“လော်ခီးလာညီလာခံက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကိုကြည့်ရင် အပိုင်းလေးပိုင်းခွဲလို့ရတယ်။ တပိုင်းက ခြေဆင်းတွေ နိဒါန်းတွေကို စာချောသွားအောင် လုပ်တဲ့အပိုင်း၊ နောက်တပိုင်းက အဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး လုပ်ဖို့လိုအပ်တဲ့ကိစ္စတွေ၊ နောက်တပိုင်းက အစိုးရအစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတဲ့ကိစ္စတွေ၊ နောက်တပိုင်းကတော့ ဆွေးနွေးပြီးမှ စာချုပ်မူကြမ်းထဲ ထည့်ရမယ့်ကိစ္စဆိုပြီး လေးပိုင်း ပိုင်းပါတယ်။ ဒီထဲမှာ ဆွေးနွေးပြီးတော့ မူကြမ်းထဲ ထည့်ရဖို့က မရှိသလောက်ဖြစ်ပါတယ်။ တခု နှစ်ခုလောက်က လွဲရင်ပေါ့လေ။ အားလုံးက နောက်တကြိမ်ကြိုတင်ညှိနှိုင်းစည်းဝေးးပြီးတော့ ညှိနှိုင်းလို့ရမယ့် အနေအထားမျိုး ရှိတယ်လို့ ပြောချင်ပါတယ်။”

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား အပစ်ရပ်စာချုပ်မူကြမ်းတခုကို မတ် ၃၁ ရက်က နှစ်ဘက်သဘောတူလက်မှတ်ထိုးခဲ့ကြပြီး တနိုင်ငံလုံးအပစ်ရပ်စာချုပ်တခု ထွက်ပေါ်လာဖို့ ဆက်လက်ညှိနှိုင်းဆွေးနွေးနေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတို့ဘက်က တောင်းဆိုထားတဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကိုးကန့်၊ တအာင်းပလောင်နဲ့ ရခိုင်တပ်မတော်တို့ပါ စာချုပ်လက်မျတ်ထိုးရာမှာ ပါဝင်ဖို့၊ စာချုပ်မှာ အသိသက်သေအဖြစ် လက်မှတ်ထိုးကြမယ့် နိုင်ငံတွေ ပါဝင်နိုင်ဖို့နဲ့ စာချုပ်မှာ လက်မှတ်ထိုးကြမယ့် ခေါင်းဆောင်တွေ စတဲ့ကိစ္စရပ်တွေ ဆက်လက်ဆွေးနွေးညှိနှိုင်းဖို့ ကျန်ရှိနေပါသေးတယ်။

ဓာတ်ပုံ - Hla Maung Shwe

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013