DVB Logo
Home
မြန်မာသတင်း
မွေးဖွား ၁၀၀ တွင် ၃၆ ဦး သေဆုံးနေဟု ဒုသမ္မတ စိုင်းမောက်ခမ်းပြော
DVB
·
July 4, 2015
မွေးဖွား ၁၀၀ တွင် ၃၆ ဦး သေဆုံးနေဟု ဒုသမ္မတ စိုင်းမောက်ခမ်းပြော
Donate to DVB

မြန်မာနိုင်ငံမှာ ၂၀၁၄-၂၀၁၅ တနှစ်အတွင်း လူ ၁၀၀ မွေးဖွားတိုင်း ၃၆ ဦး သေဆုံးနေတယ်လို့ ဒုတိယသမ္မတစိုင်းမောက်ခမ်းက ပြောပါတယ်။

မကွေးတိုင်း၊ မကွေးမြို့မှာ ဇူလိုင် ၃ ရက်ကပြုလုပ်ခဲ့တဲ့ မိခင်ကလေးသေဆုံးမှုလျော့ကျရေး လုပ်ငန်းစတင်တဲ့ အခမ်းအနားမှာ သူက ပြောလိုက်တာ ဖြစ်ပါတယ်။

မွေးဖွားမှု၊ သေဆုံးမှုစာရင်း မှတ်ပုံတင်ရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ ၂၀၁၄-၂၀၁၅ ခုနှစ်အတွင်း လူ ၆ သိန်း ၅ သောင်းလောက် မွေးဖွားခဲ့ပြီး ၂ သိန်း ၃ သောင်းကျော် သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးပညာဌာနက အငြိမ်းစားညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်လွင်က မွေးဖွားစ ကလေးသေဆုံးရတာဟာ အချက် ၃ ခုကြောင့် ဖြစ်တယ်လို့ သုံးသပ်ပြောပါတယ်။

“တစ်-ပေါင်မပြည့်တာ၊ ပေါင်မပြည့်ပဲမွေးတာ၊ နှစ်က- မွေးတဲ့အခါမှာ အသက်ရှူလမ်းကြောင်းပိတ်ပြီးတော့ သေဆုံးတာ၊ သုံးက- ပိုးဝင်ပြီး သေဆုံးတာ၊ အဲ့ဒီ သုံးခုမှာ ပေါင်မပြည့်တာကတော့ မိခင်ကိုယ်ဝန်ဆောင်ချိန်ကတည်းက စောင့်ရှောက်ဖို့ လိုပါတယ်။ အဲ့ဒါ ပြည်သူလူထု ၀ိုင်းကူဖို့ လိုပါတယ်။ နှစ်- အသက်ရှူလမ်းကြောင်းပိတ်တာကတော့ သေဖို့များတယ်။ သူ့အတွက် စက်ကိရိယာရှိပေမယ့် ရွာတွေမှာ မရှိဘူး။ တတိယ ပိုးဝင်ပြီး သေတာကတော့ မိခင်ရော၊ ကလေးရော ပတ်ဝန်းကျင်မှာ စောင့်ရှောက်မယ့်သူရောကသာ အသိပညာရှိပြီးတော့ ကာကွယ်နိုင်ရင်တော့ လျော့နိုင်တယ်။”

မြန်မာပြည်မှာ ကလေးမွေးတဲ့အခါ အရပ်လက်သည်နဲ့မွေးတာက တ၀က်လောက် ရှိတယ်လို့လည်း ပြောပါတယ်။

ဒုသမ္မတစိုင်းမောက်ခမ်းရဲ့ ပြောကြားချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ယခုကဲ့သို့ သေဆုံးမှုမြင့်နေခြင်းကြောင့် မြန်ာနိုင်ငံသားများ၏ ပျမ်းမျှသက်တမ်းသည် အရှေ့တောင်အာရှဒေသနိုင်ငံများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းနှင့် နှိုင်းယှဉ်ကြည့်ပါက အနိမ့်ဆုံးအုပ်စုထဲတွင် ပါဝင်နေတယ်။

အရှေ့တောင်အာရှဒေသ နိုင်ငံတွေ ပျမ်းမျှမျှော်မှန်းသက်တမ်း အရှည်ဆုံးမှာ စင်ကာပူနိုင်ငံက (၈၃) နှစ်ဖြစ်ပြီး၊၊ မြန်မာနိုင်ငံက (၆၆ ဒသမ ၈) နှစ်ဖြစ်ပြီး အရှေ့ တောင်အာရှနိုင်ငံတွေရဲ့  ပျမ်းမျှမျှော်မှန်းသက်တမ်းတွေထဲ သက်တမ်းတိုတဲ့ စာရင်းမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ကျေးလက်နေ ကလေးသေဆုံးမှုဟာ မြို့နေ ကလေးသေဆုံးမှုထက် များတယ်လို့လည်း ဆိုပါတယ်။

ပြည်နယ်တိုင်းများအနက် မကွေးတိုင်းအတွင်း ၁ နှစ်အောက်ကလေး သေဆုံးမှု၊ ၅ နှစ်အောက် ကလေးသေဆုံးမှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013