DVB Logo
Home
မြန်မာသတင်း
လော်ခီးလာ ပြင်ဆင်ချက် အစည်းအဝေးဆုံးဖြတ်ချက်အဖြစ်ထားရန် အစိုးရတောင်းဆို
DVB
·
July 3, 2015
လော်ခီးလာ ပြင်ဆင်ချက် အစည်းအဝေးဆုံးဖြတ်ချက်အဖြစ်ထားရန် အစိုးရတောင်းဆို
1 / 7
Donate to DVB

အစိုးရဘက်က အပစ်ရပ်စာချုပ်မူကြမ်းကို မပြင်ဆင် မဖြည့်စွက်လိုတဲ့အတွက် လော်ခီးလာ ပြင်ဆင်ဖြည့်စွက် ၁၂ ချက်ကို အစည်းအဝေး ဆုံးဖြတ်ချက်အနေနဲ့ထားဖို့ အစိုးရဘက်က တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဇူလိုင် ၃ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့တာလို့ ဆွေးနွေးပွဲအပြီးမှာ ၀န်ကြီး ဦးအောင်မင်းက မီဒီယာကို ပြောပါတယ်။

“ဒီနေ့ ဆွေးနွေးတာကတော့ ကျနော်တို့က အန်စီအေ (အပစ်ရပ်စာချုပ်မူကြမ်း) စာချုပ်ကြီးကို မပြင်ချင်၊ မဖျက်ချင်ဘူး။ အဲ့ဒီတော့ နောက်ထပ် လော်ခီးလာက တက်လာတဲ့ အချက် ၁၂ ချက်ကို အစည်းအဝေးဆုံးဖြတ်ချက်အနေနဲ့ ထည့်ပါဆိုပြီးတော့ ကျနော်တို့ဘက်က တောင်းဆိုတာပေါ့။ သူတို့ကိုလည်း ကျနော်တို့ ပစ်ပယ်တာ မဟုတ်ဘူးလေ။”

မနက်ဖြန်မှာ နှစ်ဘက် ဆွေးနွေးပွဲဆက်ပြီး သဘောတူညီချက်တချို့ရရင် ချင်းမိုင် ဒါမှမဟုတ် ရန်ကုန်မှာ ဆွေးနွေးပွဲတွေဆက်မယ်လို့လည်း ပြောပါတယ်။

ဇွန်လဆန်း ကရင်ပြည်နယ်၊ လော်ခီးလာမှာ လုပ်ခဲ့တဲ့ တိုင်းရင်းသားတပ်ဖွဲ့တို့ရဲ့ ထိပ်သီး ညီလာခံက အပစ်ရပ်စာချုပ်မူကြမ်းပါ အချက် ၁၅ ချက်ကို ပြင်ဆင်ဖြည့်စွက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီထဲ ၃ ချက်က ဆွေးနွေးစရာမလိုတဲ့ အချက်တွေဖြစ်ပြီး ၁၂ ချက် ပြင်ဆင်ဖြည့်စွက်ရေး ဆက်လက်ဆွေးနွေးကြဖို့ ရှိနေတာပါ။

နှစ်ဘက် ဆွေးနွေးပွဲစတင်တဲ့ ဒီနေ့ မနက်ပိုင်းမှာ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဘက်က အပစ်ရပ်စာချုပ်ကို အခု အစိုးရလက်ထက် ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ထိုးလိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသားအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ပူးဇင်ကျုံးကတော့ မနက်ဖြန်မှာ သူတို့အဖွဲ့တွင်း ဆွေးနွေးပြီး အစိုးရဘက်ကို အကြောင်းပြန်နိုင်မယ်လို့ ပြောပါတယ်။

“အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရှိပါတယ်။ အစိုးရက တင်ပြလာတဲ့ အချက်အပေါ်မှာ ပြန်ပြီးတော့ အကြောင်းပြန်တာမျိုး၊ ဒီလိုလုပ်ပါမယ်ဆိုတဲ့ကိစ္စမျိုး ဘာမှ ပြောကြားတာ မရှိသေးပါဘူး။ မနက်ဖြန်မှာမှ အဖွဲ့အတွင်း ပြန်လည်ဆွေးနွေးပြီးတော့ အဖြေပေးနိုင်လိမ့်မယ်လို့ ယူဆပါတယ်။”

အစိုးရဘက်က အပစ်ရပ်ဆွေးနွေးပွဲတွေ ဆက်နိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားသလို တိုင်းရင်းသားတွေဘက်ကလည်း အချိန်မဆွဲဘဲ အမြန်ဆုံးလက်မှတ်ထိုးလိုတယ်လို့ ပြောဆိုထားတာပါ။

ဇူလိုင် ၄ ရက်မှာ နှစ်ဘက် ဆွေးနွေးပွဲတွေ ဆက်ဖို့ရှိပြီး သဘောတူညီချက် တစုံတရာ ထွက်ပေါ်လာဖို့ ရှိနေပါတယ်။

ဓာတ်ပုံ - Nyo Ohn Myint

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013