DVB Logo
Home
မြန်မာသတင်း
ထရိတ်ဒါးဗုံးခွဲမှုဖြင့် စောမြင့်လွင်ကို ထောင်ဒဏ် တသက်တကျွန်းနှင့် ၂၅ နှစ် ချမှတ်
DVB
·
July 3, 2015
ထရိတ်ဒါးဗုံးခွဲမှုဖြင့် စောမြင့်လွင်ကို ထောင်ဒဏ် တသက်တကျွန်းနှင့် ၂၅ နှစ် ချမှတ်
Donate to DVB

၂ဝ၁၃ ခု အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှု၊ အလုံမြို့နယ်ရှိ WESTERN PARK စားသောက်ဆိုင် ဗုံးထောင်မှုတွေနဲ့ပတ်သက်လို့ တရားခံ စောမြင့်လွင်ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် တသက်တကျွန်းနဲ့ ၂၅ နှစ် ဒီနေ့ ချမှတ်လိုက်ပါတယ်။

ထောင်ဒဏ်ချမှတ်ပုံနဲ့ ပတ်သက်ပြီး သတင်းသွားယူခဲ့တဲ့ သတင်းထောက် ဦးခင်မောင်ဝင်းက “အမိန့်ချတဲ့ တရားခံက သူ့နာမည် စောမြင့်လွင် (ခ) မောထ၊  အသက် ၂၆ နှစ်ပေါ့လေ။ သူ့ကို ပုဒ်မ ၃ ခုနဲ့ အမိန့်ချတယ်။ ပုဒ်မ (၄) ဆိုတာကတော့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်များထောင်မှု အဲဒါက ထောင်အနှစ် ၂၀ ချတယ်။ အဲဒါ သူက WESTERN PARK မှာ ဗုံးတွေထောင်ခဲ့လို့။ နောက်ထပ် ပုဒ်မ ၃ နဲ့က ထောင်ဒဏ် တသက်တကျွန်းချတယ်။ အဲဒါက ထရိတ်ဒါး ဟိုတယ်မှာ ဗုံးပေါက်ကွဲလို့။ နောက်တခုက ပုဒ်မ (၃၃၈) ဆိုတာ အလုပ်နဲ့ ထောင် ၅ နှစ်၊ အဲဒါက နာကျင်စေမှုပေါ့လေ။ ဗုံးပေါက်လို့ နိုင်ငံခြားသူတယောက် ဒဏ်ရာရသွားလို့လေ။”

တရားခံ စောမြင့်လွင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ကိုဇော်လတ်မောင်နဲ့ ဦးမြဖူးကတော့ ဗုံးဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး တရားရှင်နဲ့ လွှတ်ပေးလိုက်တယ်လို့လည်း ပြောပါတယ်။

၂ဝ၁၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့မှာ ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများ ဟိုတယ် (ထရိတ်ဒါး) အခန်းမှတ် ၉၂၁ မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဲဒီအခန်းမှာ နေတဲ့ အမေရိကန်နိုင်ငံသူတဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

အဲဒီတရက်တည်းမှာပဲ  အလုံမြို့နယ် WESTERN PARK RUBY စားသောက်ဆိုင်မှာ  မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးတွေ့ရှိမှုနဲ့ စောမြင့်လွင်အပါအ၀င် ၃ ဦးကို ဖမ်းဆီးတရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013