DVB Logo
Home
မြန်မာသတင်း
ကျေးလက်နေ ဆင်းရဲသားပြည်သူများအတွက် ဒေါ်လာ သန်း ၄၀၀ ကမ္ဘာ့ဘဏ်ပေးအပ်
DVB
·
July 3, 2015
ကျေးလက်နေ ဆင်းရဲသားပြည်သူများအတွက် ဒေါ်လာ သန်း ၄၀၀ ကမ္ဘာ့ဘဏ်ပေးအပ်
1 / 5
Donate to DVB

မြန်မာနိုင်ငံက ကျေးလက်နေ ဆင်းရဲသားပြည်သူတွေအတွက် လူထုဗဟိုပြု စီမံကိန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့အတွက် မြန်မာကို အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထပ်မံပေးအပ်ဖို့ ကမ္ဘာ့ဘဏ်က အတည်ပြုကြောင်းကြေညာပါတယ်။

ဇွန်လ ၃၀ ရက်နေ့မှာ ကမ္ဘာ့ဘဏ်ရဲ့ အမှုဆောင် ဒါရိုက်တာ အဖွဲ့က အတည်ပြုပေး လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံက ကျေးလက်နေ ပြည်သူတွေအတွက် ကျန်းမာရေးဆေးပေးခန်း၊ စာသင်ကျောင်း၊ လမ်းတံတားနဲ့ သောက်သုံးရေ ရရှိရေးလုပ်ငန်းတွေကို ပြုပြင်မွန်းမံ အသစ်တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။

ဒီအကူငွေတွေဟာ ဖွံ့ဖြိုးမှုနောက်ကျပြီး ပြည်သူ့ဝန်ဆောင်မှုတွေ ခေတ်အဆက်ဆက် မရရှိခဲ့တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်နေ ပြည်သူတွေအတွက် အဓိက ရည်ရွယ်တာဖြစ်ပြီး ရန်ပုံငွေတွေနဲ့ မြို့နယ်ပေါင်း ၆၂ မြို့နယ်ရှိ လူဦးရေ  ၇ သန်းလောက်အတွက် မရှိမဖြစ် အခြေခံ အဆောက်အဦတွေနဲ့ လူမှုရေး ၀န်ဆောင်မှုလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်သွား မယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာအူလ်ရစ်ခ်ျဇာဟာက   “ဒီကနေ့ထိ လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းငယ်ပေါင်း ၃၅၀ ကျော်ကို ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတချို့မှာ ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်သူတွေရဲ့ ဘ၀တိုးတက်ဖို့ ကူညီနိုင်ခဲ့တယ်၊  လက်ရှိ မြို့နယ် ၉ မြို့နယ်မှာ ကျေးရွာပေါင်း ၁၇၀၀ အတွက် ရေရရှိရေး၊ စာသင်ကျောင်း၊ လုံခြုံကောင်းမွန်တဲ့ လမ်းတံတား စတာတွေ တည်ဆောင်သွားဖို့ ကူညီပေးနေတယ်လို့” မြန်မာပြည်မှာ ဆောင်ရွက်ပေးနေတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ကမ္ဘာ့ဘဏ်ဟာ ရန်ပုံငွေတွေကို ကျေးလက်နေပြည်သူတွေကိုယ်တိုင် စီမံခန့်ခွဲ လုပ်ကိုင်ရမယ့် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ စတင်လုပ်ကိုင်နေတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013