DVB Logo
Home
မြန်မာသတင်း
မြန်မာက ၀င်ငွေအနိမ့်ဆုံးနိုင်ငံအုပ်စုအဆင့်မှ မြင့်တက်လာဟု ကမ္ဘာ့ဘဏ်ဆို
DVB
·
July 3, 2015
မြန်မာက ၀င်ငွေအနိမ့်ဆုံးနိုင်ငံအုပ်စုအဆင့်မှ မြင့်တက်လာဟု ကမ္ဘာ့ဘဏ်ဆို
Donate to DVB

မြန်မာအပါအ၀င် ဘင်္ဂလားဒေ့ရှ်၊ ကင်ညာနဲ့ တာဂျစ်ကစ္စတန် နိုင်ငံတွေဟာ ၀င်ငွေအနိမ့် ဆုံးနိုင်ငံအုပ်စုအဆင့်ကနေ အလယ်အလတ်အောက်ဝင်ငွေအုပ်စုအဆင့်ကို တက်လာတယ်လို့ ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဇွန်လ ၂ ရက်နေ့နှောင်းပိုင်းက ထုတ်ပြန်တဲ့ဖော်ပြချက်မှာ အဲဒီနိုင်ငံတွေမှာ နှစ်စဉ်တဦး ကျတိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၄၆ ကနေ ၄၁၂၅ ထိရှိပြီး တဦးချင်း အမျိုးသားဝင်ငွေ တိုးတက်မှုဟာ ဆက်လက်တိုးတက်နေတဲ့အတွက် လက်ရှိအဆင့်ကို တက်လာခဲ့တာလို့ ဖော်ပြ ထားပါတယ်။

တောင်ပိုင်းဆူဒန်နိုင်ငံကတော့ နှစ်စဉ် တဦးကျတိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၄၅ နဲ့ အောက်ဖြစ်တဲ့အတွက် ၀င်ငွေနိမ့်အုပ်စုထဲ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

နှစ်စဉ်တဦးကျ တိုင်းပြည်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၁၂၆ နဲ့ ၁၂၇၃၅ ကြားရှိတဲ့ မွန်ဂိုလီးယားနဲ့ပါရာဂွေးနိုင်ငံတွေကတော့ အလယ်အလတ်အောက်ဝင်ငွေအုပ်စုအဆင့်ကနေ အလယ်အလတ်အထက်ဝင်ငွေအုပ်စုအဆင့်ကို တက်သွားခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကမ္ဘာ့ဘဏ်က နှစ်စဉ် ဇူလိုင်လ ၁ ရက်နေ့ရောက်တိုင်း တကမ္ဘာလုံး စီးပွားရေးဆိုင်ရာ ၀င်ငွေအဆင့်ကို ပြီးခဲ့တဲ့နှစ်ရဲ့ သက်ဆိုင်ရာ တဦးကျ တိုင်းပြည်ဝင်ငွေနဲ့နှိုင်းယှဉ်ဖော်ပြပြီး သတင်းထုတ်ပြန်တာပါ။

ပြီးခဲ့တဲ့ ၂၄ နှစ်တာကာလအတွင်း ၀င်ငွေအနိမ့်ဆုံးနိုင်ငံတွေထဲပါဝင်တဲ့ မာလာဝီနိုင်ငံရဲ့နှစ်စဉ် တဦးကျ တိုင်းပြည်ဝင်ငွေဟာ မနှစ်ကထက် အမေရိကန်ဒေါ်လာ ၇၀ ထိတက်လာချိန်မှာ နော်ဝေးနိုင်ငံကတော့ အမေရိကန် ဒေါ်လာ ၇၇၀၄၀ ထိ တိုးတက်လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

အသစ်ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အာဂျင်တီးနား၊ ဟန်ဂေရီ၊ ဆေးရှဲ ကျွန်းနိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ နှစ်စဉ်တဦးကျတိုင်းပြည်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၂၇၃၆ နဲ့အထက်ရှိတဲ့အတွက် အလယ်အလတ်အထက်ဝင်ငွေအုပ်စုအဆင့်ကနေ ၀င်ငွေမြင့်အုပ်စုအဆင့်ကိုရောက်သွားတယ်လို့ ဖော်ပြနေတာပါ။

အဲဒီလိုဝင်ငွေအဆင့်မြင့်တက်နေပေမယ့် အာဂျင်တီးနားနိုင်ငံအနေနဲ့ ပြင်ပကြွေး မြီတင်ရှိမှုတွေရှိနေပြီး ဗင်နီဇွဲလားနိုင်ငံဟာလည်း စီးပွားရေးအခြေအနေ ကျဆင်းနေတယ်လို့ ရိုက်တာသတင်းက ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၂၀၂၁ ခုနှစ်မှာ အလယ်အလတ်ဝင်ငွေအဆင့်ရှိတဲ့ နိုင်ငံဖြစ်လာဖို့ အတွက် ရည်မှန်းချက်ချမှတ်ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက မနေ့ကပြောလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013