DVB Logo
Home
မြန်မာသတင်း
ပြည်သူဆန္ဒရှိရင် သမ္မတထပ်လုပ်ရန် စဉ်းစားမည်ဟု ဦးသိန်းစိန်ပြောကြား
DVB
·
July 3, 2015
ပြည်သူဆန္ဒရှိရင် သမ္မတထပ်လုပ်ရန် စဉ်းစားမည်ဟု ဦးသိန်းစိန်ပြောကြား
1 / 2
Donate to DVB

လာမယ့်သက်တမ်းမှာ သမ္မတ တာဝန်ထပ်မံထမ်းဆောင်ဖို့  ပြည်သူတွေက ဆန္ဒရှိရင်အလေးအနက်ထားစဉ်းစားသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြား လိုက်ပါတယ်။

မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးတက်ဖို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ မြန်မာသမ္မတကို  NHK ဂျပန်ရုပ်သံသတင်းဌာနက ဇူလိုင်လ ၂ ရက်နေ့က တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တာပါ။

ဒုတိယသက်တမ်းမှာ သမ္မတ တာဝန်ထပ်ယူဖို့ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒတွေအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာဖြစ်ကြောင်းနဲ့ ပြည်သူတွေက  ဆန္ဒရှိရင် အလေးအနက်ထား စဉ်းစားသွားမှာ ဖြစ်ကြောင်း သမ္မ တဦး သိန်းစိန်က ဖြေကြားခဲ့တယ်လို့ မြန်မာအစိုးရပြန်ကြားရေး သတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_100764" align="aligncenter" width="641"]သမ္မတ ဦးသိန်းစိန်ကို NHK ဂျပန်ရုပ်သံသတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ - အမ်အိုအိုင်) သမ္မတ ဦးသိန်းစိန်ကို NHK ဂျပန်ရုပ်သံသတင်းဌာနက တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ - အမ်အိုအိုင်)[/caption]

သမ္မတကဒုတိယသက်တမ်းမှာဘယ်သူ တာဝန်ယူသည်ဖြစ်စေ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရန်၊ မြန်မာနိုင်ငံကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက်ရန်နဲ့ တဦးချင်းဝင်ငွေ အလယ်အလတ်အဆင့်ရှိ နိုင်ငံ အဖြစ် ရောက်ရှိစေဖို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ  ဂျပန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံအလိုက် အဆင့် ၁၂ သာရှိနေတဲ့အတွက် အခြေခံအဆောက်အအုံ၊ စက်မှု၊ လျှပ်စစ်၊ ရေနံနဲ့  သဘာဝ ဓာတ်ငွေ့ကဏ္ဍတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံဖို့လည်း ဂျပန်ကို ဖိတ်ခေါ်ကမ်းလှမ်း ခဲ့ပါတယ်။

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ဇူလိုင် ၄ ရက်နေ့ စတင်ကျင်းပမယ့်  မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးမှာ ဒေသတွင်းအိမ်နီးချင်းနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အတူ ပါဝင်တက်ရောက်ဆွေးနွေးနေဖို့ရှိနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013