DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၁၁၇၁ နေရာကော်မရှင်ကြေညာ
DVB
·
July 3, 2015
ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေ ၁၁၇၁ နေရာကော်မရှင်ကြေညာ
Donate to DVB

ဝနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအ၀င်  နိုင်ငံတ၀န်း ရွေးကောက်ပွဲတွေကျင်းပမယ့်  မဲဆန္ဒနယ်မြေပေါင်း ၁၁၇၁ နေရာကို   ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာလိုက်ပါတယ်။

၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်မြေတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၁ ရက်နေ့စွဲနဲ့ သတ်မှတ် ထုတ်ပြန်ကြေညာလိုက်တာပါ။

ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်မြေတွေထဲမှာ ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ ပြည်နယ်နဲ့တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် ၆၄၄ နဲ့  ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ် စုစုပေါင်း ၁၁၇၁ နယ်မြေဖြစ်ပါတယ်။

မဲဆန္ဒနယ်မြေတွေ သတ်မှတ်ချက် အသေးစိတ်ကိုတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ၀က်ဘ်ဆိုက် http://uecmyanmar.org/   မှာ  ကြည့်ရှုနိုင်ပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းလောက်မှာ ကျင်းပမယ့်လို့ ကော်မရှင် တာဝန်ရှိသူတွေက ပြောကြားထားပေမယ့်  ရွေးကောက်ပွဲကျင်းပမယ့်နေ့ အတိအကျကို ခုချိန်ထိ ကြေညာခြင်း မရှိသေးပါဘူး။

လက်ရှိရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ ပေါင်းက ၈၀ ကျော်ရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013