DVB Logo
Home
မြန်မာသတင်း
အစိုးရနှင့်ဆွေးနွေးရန် တိုင်းရင်းသား အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အကြိုညှိနှိုင်း
DVB
·
July 2, 2015
Donate to DVB

အစိုးရနဲ့ တနိုင်ငံလုံး အပစ်ရပ်စဲရေးကိစ္စ ဆက်လက်ဆွေးနွေးဖို့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ညှိနှိုင်းစည်းဝေးပွဲကို ဇူလိုင် ၂ ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပပါတယ်။

ဇူလိုင် ၃ ရက် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့တဲ့အခါ ဆွေးနွေးကြဖို့ ကြိုတင်ညှိနှိုင်း ဆွေးနွေးတာလို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်က ပြောပါတယ်။

00285_x264.mp4.Still001“အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းကို သူတို့ မရှင်းလင်းတာ ကျမတို့ အဓိကထားပြီး ရှင်းလင်းပြမယ်။ ဘာဖြစ်လို့ ဖွဲ့ရသလဲဆိုတဲ့ အကြောင်းရင်း၊ ဒီဖွဲ့ရခြင်း အကြောင်းကတော့ တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အရ ဖွဲ့ရခြင်းဖြစ်တယ်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆက်လက်ညှိနှိုင်းဖို့ ဖွဲ့ရခြင်းဖြစ်တယ်ဆိုတာကို ရှင်းပြမယ်။”

အစိုးရဘက်က လော်ခီးလာညီလာခံက ဖွဲ့ပေးလိုက်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို လက်မခံလိုတဲ့သဘော ထုတ်ပြောထားပေမယ့် ဇူလိုင် ၃ ရက်မှာတော့ နှစ်ဘက် တွေ့ဆုံကြဖို့ ရှိပါတယ်။

ဇွန်လဆန်း လော်ခီးလာညီလာခံက အပစ်ရပ်စာချုပ်မူကြမ်း အချက်တချို့အပေါ် ပြင်ဆင်ဖြည့်စွက်လိုက်တာကိုလည်း အစိုးရဘက်က လက်မခံလိုတဲ့ လက္ခဏာ ပြသနေပေမယ့် အစိုးရရဲ့ သဘောထားကို ဇူလိုင် ၃ ရက် ဆွေးနွေးပွဲကျမှ ၀န်ကြီးဦးအောင်မင်းက တရားဝင် ထုတ်ဖော်ပြောဆိုမှာ ဖြစ်ပါတယ်။

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ကြား ၁ နှစ်ခွဲလောက် အချိန်ယူ ဆွေးနွေးခဲ့ကြပြီး မတ် ၃၁ ရက်မှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ်မူကြမ်း (အန်စီအေ) ပါ စာသားတွေကို နှစ်ဘက်သဘောတူ လက်မှတ်ထိုးထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013