DVB Logo
Home
မြန်မာသတင်း
မြန်မာ့စီးပွားရေး ကျဆင်းမည့် အန္တရာယ်ရှိနေဟု အိုင်အမ်အက်ဖ် သတိပေး
DVB
·
July 2, 2015
မြန်မာ့စီးပွားရေး ကျဆင်းမည့် အန္တရာယ်ရှိနေဟု အိုင်အမ်အက်ဖ် သတိပေး
Donate to DVB

ချေးငွေနဲ့ ဘတ်ဂျက်တိုးလာတာ၊ ကုန်သွယ်ရေးလိုငွေပြနေတာတွေကြောင့် မြန်မာ့စီးပွားရေး ကျဆင်းမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) က သတိပေးလိုက်ပါတယ်။

မစ္စတာ ယောင်ကျန်ယန်း ခေါင်းဆောင်တဲ့ အိုင်အမ်အက်ဖ် ကိုယ်စားလှယ်အဖွဲ့ရဲ့ ဇွန်လ ၁၇ ရက်ကနေ ဇူလိုင် ၁ရက်ထိ  မြန်မာပြည်ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ သတိပေး ထားတာပါ။

ဒီကြေညာချက်မှာ မစ္စတာယန်းက ဒေါ်လာဈေးဆက်လက်ခိုင်မာနေပြီး သဘာဝ ဓာတ်ငွေ့ဈေးတွေ ကျဆင်းနေတာတာ၊ ချေးငွေတွေ အလျင်အမြန်တိုးပွားလာပြီး ဘတ်ဂျတ်နဲ့ ကုန်သွယ်ရေးလိုငွေပြမှု ပိုမြင့်မားလာတာ စတဲ့ အားနည်းချက်တွေကြောင့် စွမ်းဆောင်ရည် အားနည်းနေပြီး ကြားခံမှုဝါဒတွေ မခိုင်မာတဲ့ လက်ရှိ မြန်မာ့စီးပွားအပေါ် ထိခိုက်နိုင်တယ်လို့  သတိပေးထားပါတယ်။

အားလုံးအတွက် အကျိုးရှိပေမယ့် ငွေကြေးကဏ္ဍမှာ ဗဟိုချုပ်ကိုင်မှု လျင်လျင်မြန်မြန် ဖြေလျော့ လွပ်လပ်ခွင့်ပေးတာကို ဂရုတစိုက် စီမံခန့်ခွဲလုပ်ဆောင်သင့်တယ်လို့ အကြံပြု ထားပါတယ်။

ဒါ့အပြင် ထုတ်ချေးငွေ တိုးပွားလာနေမှုကို ထိန်းကွပ်ဖို့၊ အခွန်ငွေကောက်ခံမှု ပိုမိုအား စိုက်လုပ်ဆောင်ခြင်းဖြင့် ဘဏ္ဍာရေးလိုငွေပြမှုလျော့ချဖို့နဲ့ ငွေလဲနှုန်းတည်ငြိမ်မှုရစေဖို့  ငွေကြေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ မူဝါဒတွေကို ပိုမိုတင်းကျပ်လုပ်ဆောင်ဖို့တွေလည်း အိုင်အမ်အက်ဖ်က်က တိုက်တွန်းပါတယ်။

တချိန်တည်းမှာပဲ ဗဟိုဘဏ်က သတ်မှတ်ထားတဲ့  ရည်ညွှန်း ငွေလဲနှုန်းထားနဲ့ ဈေးကွက် ငွေလဲနှုန်းထားအကြား ကွာဟချက်မရှိစေဖို့ ပိုမို အလျော့အတင်းရှိတဲ့ ဗဟို ဘဏ်ရည်ညွှန်း ငွေလဲနှုန်းထားတရပ်သတ်မှတ်ပြီး နိုင်ငံခြားငွေကြေး ရောင်းလိုအားနဲ့ ၀ယ်လိုအားကို ထိန်းညှိဆောင်ရွက်ပေးနိုင်တယ်လို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။

အိုင်အမ်အက်ဖ် ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ  မြန်မာဒုသမ္မတ ဦးဉာဏ်ထွန်း၊ ဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၊ ဗဟိုဘဏ်တာဝန်ရှိ သူတွေအပါအ၀င် လွှတ်တော်အမတ်တွေနဲ့ရော ပုဂ္ဂလိလုပ်ငန်းရှင်တွေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အိုင်အမ်အက်ဖ် ကိုယ်စားလှယ်အဖွဲ့အနေနဲ့ နိုင်ငံတနိုင်ငံကိုသွားရောက်တဲ့ ခရီးစဉ်အပြီး သက်ဆိုင်ရာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုင်ရာ ပဏာမ တွေ့ရှိချက်တွေကို ထုတ်ပြန်ပေးလေ့ ရှိပြီး ဒီတွေ့ရှိချက်တွေအပေါ် အခြေခံလို့ အစီရင်ခံစာပြုစုကာ အိုင်အမ်အက်ဖ် ဘုတ်အဖွဲ့ကို  တင်ပြရတာဖြစ်ပါတယ်။

လက်ရှိ မြန်မာစီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပြုတိုက်တွန်းချက်တွေဟာ အိုင်အမ်အက်ဖ် တာဝန်ခံဘုတ်အဖွဲ့ရဲ့ သဘောထားမဟုတ်ဘဲ ကိုယ်စားလှယ်အဖွဲ့ရဲ့ အမြင်သဘောထားတွေသာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013