DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို ယူအိုဘီမှ ငွေထုတ်ချေးမည်
DVB
·
July 2, 2015
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့်သူများကို ယူအိုဘီမှ ငွေထုတ်ချေးမည်
Donate to DVB

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို စင်ကာပူဘဏ်ဖြစ်တဲ့ ယူနိုက်တက်နိုင်ငံခြားဘဏ်အုပ်စု (ယူအိုဘီ) က ၁ နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀၀ ချေးငွေပေးသွားမယ်လို့ စင်ကာပူနိုင်ငံအခြေစိုက် Business Times သတင်းစာက ဆိုပါတယ်။

“ယူအိုဘီဘဏ်လုပ်ငန်းအနေနဲ့ လာမယ့် ၁၂ လအတွင်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေကို ကူညီပေးနိုင်ဖို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်ထားတယ်။” လို့  ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ရန်ကုန်မြို့မှာ ဘဏ်ခွဲဖွင့်အပြီး ယူအိုဘီရဲ့ သတင်းထုတ်ပြန်ချက်မှာ တရားဝင်ပြောကြားခဲ့ပါတယ်။

ဥရောပနဲ့ အာရှအခြေစိုက် နိုင်ငံတကာနဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာနိုင်ငံတွင်း စက်ရုံ အဆောက်အအုံတွေ၊ ဟိုတယ်လုပ်ငန်းတွေနဲ့ ကုန်သွယ်မှုဆိုင်ရာ အဆောက်အအုံတွေမှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာကြလိမ့်မယ်လို့ ယူအိုဘီက ပြောပါတယ်။

ယူအိုဘီဟာ မြန်မာနိုင်ငံမှာ ချေးငွေသဘောတူညီမှု ၂ ခုကို လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်း လုပ်ငန်းတခုဖြစ်တဲ့ Cycle & Carriage Automobile Myanmar ကုမ္ပဏီကို ကားအရောင်းပြခန်း ၂ ခုနဲ့ ၀ပ်လျှော့ ၁ ခု ဆောက်လုပ်ဖို့အတွက် ယူအိုဘီဘဏ်လုပ်ငန်းအုပ်စုက ချေးငွေထုတ်ချေးမှာဖြစ်ပြီး ပမာဏအတိအကျကိုတော့ ဘဏ်က ဖော်ပြထားခြင်း မရှိပါဘူး။

Cycle & Carriage Automobile Myanmar ကုမ္ပဏီဟာ စင်ကာပူနိုင်ငံ Jardine Cycle & Carriage က ပိုင်ဆိုင်တာဖြစ်ပြီး မြန်မာနိုင်ငံအခြေစိုက် Automobile Alliance ကုမ္ပဏီနဲ့ ပူးပေါင်း လုပ်ဆောင်နေတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ယူအိုဘီဟာ စင်ကာပူနိုင်ငံ ရီဂျင်နယ် (Regional) ဟိုတယ်က ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ System.bilt (မြန်မာ) ကုမ္ပဏီနဲ့ ရန်ကုန်မြို့ရှိ ဆန်းမစ်ပါ့ခ်ဗျူးဟိုတယ်ကို အခန်းပေါင်း ၂၀၀ တိုးချဲ့သွားဖို့ ချေးငွေသဘောတူညီမှုတရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး ချေးငွေပမာဏကိုတော့ ထုတ်ပြန်ကြေညာခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013