DVB Logo
Home
မြန်မာသတင်း
မြန်မာဒုက္ခသည်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းပေးမည်
DVB
·
July 2, 2015
မြန်မာဒုက္ခသည်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းပေးမည်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်တလျှောက်က မြန်မာဒုက္ခသည်တွေကို သက်ဆိုင်ရာ နေရပ်ဒေသ အသီးသီးကို ပြန်နိုင်စေဖို့ ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေ သင်ကြားပေးသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေးကော်မရှင် (အိုဗက်) ဟာ ထိုင်းနိုင်ငံ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (အေစီတီအီးဒီ) တို့နဲ့ ပူးပေါင်းပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဒုက္ခသည်ပေါင်း ၁ သိန်းခွဲလောက်ကို အသက်မွေးဝမ်းကျောင်းဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ပြန်လည်နေရာချထားနိုင်ရေး ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် မနေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ အိုဗက်အကြီးအကဲ ချန်ဗက်ဘွန်ပရာဒွန်က ပြောပါတယ်။

နိုင်ငံတကာအစိုးရမဟုတ်သော အေဂျင်စီတခုဖြစ်တဲ့ (အေစီတီအီးဒီ) ရဲ့ဒါရိုက်တာ ဒေးဗစ် ဘရောင်းက လက်ရှိ သင်ကြားပေးမယ့် အစီအစဉ်ဟာ နယ်စပ်တလျှောက် မြန်မာဒုက္ခသည်စခန်းတွေက လူငယ် ၁၄၀၀ နီးပါးကို သင်ကြားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

သူက ဒီအစီအစဉ်ကနေ မြန်မာဒုက္ခသည်တွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာနိုင်ပြီး အလုပ်အကိုင် ဈေးကွက်ထဲမှာ သူတို့စွမ်းဆောင်ရည်တွေ ပိုတိုးတက်လာနိုင်မယ်လို့ မျှော်လင့်ထားတာပါ။

အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရေးကော်မရှင် (အိုဗက်) ရဲ့ အကြီးအကဲ ချန်ဗက်ဘွန် ပရာဒွန်က “ကျနော်တို့စီမံကိန်းက ဒုက္ခသည်တွေကို စခန်းပြင်ပမှာ ဘ၀ရပ်တည်ချက် ခိုင်မာဖို့နဲ့ နေရပ်ဒေသကိုပြန်နိုင်ဖို့ ကူညီပေးနိုင်မှာပါ။” လို့ ပြောပါတယ်။

အဲဒီအစီအစဉ်မှာ မြန်မာဒုက္ခသည်တွေအတွက် လိုအပ်မယ့် စက်ချုပ်၊ ဆောက်လုပ်ရေး၊  စက်ပြင်၊ ဟိုတယ်စီမံခန့်ခွဲမှု စတဲ့ ဘာသာရပ် ၁၀ မျိုးကို သင်ကြားပေးသွားမယ်လို့ ချန်ဗက် ဘွန်ပရာဒွန်က ဆိုပါတယ်။

“ဘာသာရပ်သင်တန်းတခုအတွက် နာရီပေါင်း ၁၀၀ နီးပါး သင်ယူရမယ်။ မြန်မာ့အလုပ်အကိုင်နဲ့ အလုပ်သမားဈေးကွက် လိုအပ်ချက်နဲ့ ကိုက်ညီအောင် ပြင်ဆင်ထားပါတယ်။”

အဲဒီအစီအစဉ်ကို မယ်ဟောင်ဆောင်က ဒုက္ခသည်စခန်း ၂ ခုမှာ အရင်ဖွင့်လှစ်မှာဖြစ်ပြီး မကြာခင် အခြားစခန်း ၇ ခုမှာ ဖွင့်လှစ်သွားမယ်လို့ သတင်းမှာဖော်ပြပါတယ်။

မြန်မာဒုက္ခသည်တွေဟာ လူ့အခွင့်အရေးနဲ့ ပြည်တွင်းမငြိမ်မသက်မှုတွေကြောင့် ၁၉၈၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို ထွက်ပြေးလာခဲ့ကြတာပါ။

လက်ရှိအချိန်မှာတော့ ထိုင်းအာဏာပိုင်တွေ အဆိုအရ ထိုင်း-မြန်မာနယ်စပ်စခန်း ၉ ခုမှာ နေထိုင်နေကြတဲ့ မြန်မာဒုက္ခသည်ပေါင်း ၁ သိန်းခွဲနီးပါး ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013