
အမေရိကန်-အစ္စရေးရဲ့ အီရန်စစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ မတ် ၃၀ ရက် မနက်ခင်းမှာ ဘရန့် ရေနံစိမ်းစျေးဟာ တစည်ကို ၁၁၅ ဒေါ်လာအထိ မြင့်တက်လာပါတယ်။
အမေရိကန် WTI ရေနံစိမ်းစျေးကတော့ တစည်ကို ၁၀၃ ဒေါ်လာအထိ တက်လာပြီး အာရှစတော့ရှယ်ယာစျေးတွေကတော့ ကျဆင်းနေပါတယ်။
ဂျပန်နိုင်ငံရဲ့ Nikkei 225 အညွှန်းကိန်း ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တောင်ကိုရီးယား Kospi အညွှန်းကိန်း ၄ ရာခိုင်နှုန်း ကျသွားပါတယ်။
ယီမင်နိုင်ငံက အီရန်ကျောထောက်နောက်ခံပြု ဟူသီတပ်ဖွဲ့တွေဟာ မတ် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ အစ္စရေးကို တိုက်ခိုက်ပြီး စစ်ပွဲထဲ ဝင်ရောက်လာတာကြောင့် စစ်ခွင်ပိုကျယ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဟူသီတွေက အစ္စရေးကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဒုတိယအရေးအကြီးဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ဘက်အယ်လ်မန်ဒက် ရေလက်ကြားကိုပါ ပိတ်ဆို့လာနိုင်တဲ့ အလားအလာ ရှိနေပါတယ်။
ယီမင်ဘက်က ပစ်လွှတ်လိုက်တဲ့ ဒရုန်း ၂ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးအာဏာပိုင်တွေက မတ် ၂၉ ရက်မှာ ပြောပါတယ်။
ဗင်နီဇွဲလားရေနံကို ထိန်းချုပ်ဖို့ စီမံနေသလိုမျိုး အီရန်မှာလည်း အလားတူလုပ်ချင်တဲ့သဘောမျိုး ထရမ့်ပ်က ပြောထားပါတယ်။
Source: Reuters











