DVB Logo
Home
ကျန်းမာရေး
ဒဂုံမြို့သစ်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား
DVB
·
April 24, 2011
Donate to DVB

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရပ်ကွက် ၂ ခုမှာ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေပြီး လူတယောက် သေဆုံးသွားပါတယ်။

ဧပြီ ၂၂ ရက်နေ့အထိ ရပ်ကွက်အမှတ် ၁၉ နဲ့ ၅၅ မှာ  ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်သူ အနည်းဆုံး ၂၀ ရှိနေပြီး တချို့ကို ဆေးရုံတင်ထားရပါတယ်။

လောလောဆယ် အသက် ၄ နှစ်အရွယ် ကလေး ၂ ယောက်ရဲ့ အခြေအနေ ဆိုးတယ်လို့  ၅၅ ရက်ကွက်မှာ နေတဲ့ ကိုစန်းတင့်က  ပြောပါတယ်။

“အခုက အိမ်နံပါတ် ၄၄၂-က အိမ်မှာ ၅ ယောက်။ ၄၄၂-ခ အိမ်မှာ ၂ ယောက်။ အဲဒီအိမ်ရှေ့မှာ ၃၆၅၊ ၃၆၇ အဲဒီမှာက တတွဲ။ သူက အဲဒီလို ဖြစ်တာ။ အခု ဒီအထဲမှာ အဆိုးဆုံး ကလေး ၂ ယောက်ကတော့ အသက် ၄ နှစ်ပဲ ရှိသေးတယ်။ သူက တညလုံး ဝမ်းတွေ တအားသွားတယ်၊ မနက်ကျတော့ သူက ထပ်အန်တယ်။”

သင်္ကြန်မတိုင်ခင်ရက်ပိုင်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး အခုအထိ ၅၅ ရက်ကွက်က လူ (၅) ယောက်ကို စံပြဆေးရုံကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်း ပန်းခြံဆေးရုံတို့ကို ပို့ထားရပါတယ်။

လောလောဆယ်မှာ ဒေသကျန်မားရေးအာဏာပိုင်တွေက ၅၅ ရက်ကွက် ရွှေနှင်းဆီလမ်းထဲက အိမ်အမှတ် (၃၆၇) နဲ့ ရပ်ကွက် အုပ်ချုပ်ရေးရုံးတို့မှာ (၂၄) နာရီ ယာယီ ဆေးခန်းဖွင့်ထားတယ်လို့ သိရပါတယ်။

ကျန်မားရေးဌာနနဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့က အာဏာပိုင်တွေဟာ ဒီနေ့ နေ့လယ် ၂ နာရီမှာ  (၅၅) ရက်ကွက်ကို လာရောက်ခဲ့ပြီး ရက်ကွက်ထဲမှ ရေစက်တွေက ရေတွေကို ဓာတ်ခွဲစမ်းသပ်ဖို့ နမူနာ ယူသွားတယ်လို့ ကိုစန်းတင့်က ပြောပါတယ်။

ကျန်းမာရေးဌာနက တာဝန်ခံ ဆရာ ဦးစိုးလှိုင်အပါအ၀င် မယက ဥက္ကဋ္ဌနဲ့ ရယက အုပ်ချုပ်ရေးမှူးတို့က ရယကရုံး ဒါမှဟုတ် ဓမ္မရုံးမှာ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်သွေးလှူရေးအဖွဲ့ကလည်း ၀မ်းရောဂါဖြစ်ပွားနေတဲ့ ရပ်ကွက်ကို သွားရောက်ပြီး လိုအပ်တဲ့ အကူအညီနဲ့ ရောဂါနဲ့ ပတ်သက်လို့ ပညာပေးတာတွေ လုပ်နေတယ်လို့ သွေးလှူရေးအဖွဲ့က ကိုညီညီက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013