DVB Logo
Home
မြန်မာသတင်း
မြန်မာရဲ ဂိမ်းဆိုင်ဝင်ဖမ်း၊ ပစ်ခတ်မှုဖြစ်
DVB
·
July 1, 2015
မြန်မာရဲ ဂိမ်းဆိုင်ဝင်ဖမ်း၊ ပစ်ခတ်မှုဖြစ်
1 / 2
Donate to DVB

မြ၀တီမြို့ အမှတ် (၄) ရပ်ကွက် အောင်ချမ်းသာလမ်းတွင် ဇွန် ၃၀ ရက် ည ၈ နာရီခွဲက မြန်မာရဲတပ်ဖွဲ့ဝင်တွေ လောင်းကစားဂိမ်းဆိုင်ကို ၀င်ရောက်ဖမ်းဆီးရာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒီလောင်းကားဂိမ်းဆိုင်ဟာ ခွင့်ပြုမိန့်မရဘဲ ဖွင့်လှစ်ထားတာဖြစ်ပြီး အခုလိုပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လောင်းကစားဂိမ်းရုံအနီးအနားရှိ ရပ်ကွက်သားတွေ ထိတ်လန့်မှု ဖြစ်ခဲ့ပြီး ဂိမ်းဆိုင်နားရှိ မြ၀တီမြို့ အမှတ် (၄) ရပ်ကွက်နေ ပြည်သူတဦးဖြစ်တဲ့ ကိုမောင်ဇော် (၃၁)နှစ်ရဲ့ ညာဘက်ပေါင်မှာ သေနတ်မှန်သွားသလို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အမှတ် ၁ နယ်ထိန်း ဒုတပ်ကြပ် ကျော်ကျော်ဝင်းလည်း ဘက်လက်မောင်းမှာ ကျည်ဆန်ထိမှန်သွားပါတယ်။

MWDသေနတ်ထိမှန်ခံရတဲ့ ကိုမောင်ဇော်က “ကျနော် သူတို့သားအမိနဲ့ ထမင်းစားမယ်ဆိုပြီး သွားနေတဲ့အချိန် ကျနော့်သား မုန့်စားမယ်ဆိုလို့ ဈေးဆိုင်နားမှာ ခဏရပ်ပြီး မုန့်ဆင်းဝယ်တော့ အရှေ့မှာ ဒိုင်းဒိုင်းနဲ့ သေနတ်သံ ၂ ချက်ကြားတယ်။ ကျနော့်ဆီမှာ သေနတ်ထိတာ ကျနော်လည်း မသိလိုက်ဘူး။ ကိုယ်လည်း အတွေ့အကြုံမှ မရှိဘဲ။ ကြည့်နေရင်း ကျနော့်ခြေထောက် ကျဉ်နေသလို ခံစားရတယ်။ အဲဒါနဲ့ ဆိုင်ကယ်ပြန်မောင်းလာတယ်၊ ဆိုင်ကယ်မောင်းလို့ မရတော့တာနဲ့ မိန်းမကို ဆိုင်ကယ်မောင်းခိုင်းပြီး ဆေးရုံကို လာခဲ့တယ်။ နောက်ပိုင်း ဆေးရုံရောက်မှ သွေးထွက်ပြီး သေနတ်ထိမှန်း ကျနော်သိတယ်” လို့ ပြောပါတယ်။

ဒဏ်ရာရသူတွေကို မြ၀တီမြို့ ဆေးရုံကြီးမှာ ပို့ဆောင်ကုသထားပြီး လောင်းကစားဂိမ်းစက် စုစုပေါင်း ၅ လုံးကို ရဲတပ်ဖွဲ့က သိမ်းဆည်းသွားပါတယ်။

မြ၀တီမြို့မှာ လောင်းကစားဂိမ်းဆိုင်တွေကို ၂၀၀၅ ခုနှစ်ဆန်းပိုင်းကစပြီး မြန်မာရဲတပ်ဖွဲ့နဲ့ မြို့တာဝန်ရှိသူတွေ ပူးပေါင်းနှိမ်နင်းမှုကြောင့် လက်ရှိ မြ၀တီမြို့အတွင်းမှာ လောင်းကစား ဂိမ်းဆိုင်တွေ လုံးဝမရှိတော့သလောက် ဖြစ်နေပြီလို့ ရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013