DVB Logo
Home
စီးပွားရေး
ဆိုက်​ရောက်​ဗီဇာ ပြန်ခွင့်​​ပြုရန် ခရီး​သွား​​လုပ်ငန်း​​ရှင်​များ​ ​တောင်း​​ဆိုမည်
DVB
·
April 24, 2011
Donate to DVB

ကမ္ဘာလှည့်​​ခရီး​သည်​တွေ မြန်မာပြည်​ကို ပိုပြီး​​လာ​ရောက်​လည်ပတ်ဖို့​ အတွက် မနှစ် နှစ်လယ်က​လို ဆိုင်​ရောက်​ဗီဇာထုတ်​ပေး​ဖို့​ ခရီး​သွား​​​လုပ်ငန်း​ရှင်​တွေက အလိုရှိ​နေကြ​ပါတယ်။

ဆိုက်​ရောက်​ဗီဇာ ပြန်လည်​ခွင့်​ပြုဖို့​၊​ ​လေဆိပ်​အသုံး​ပြုခွင့်​ အခွန်အခ​တွေ ​လျှော့​ချ​ဖို့​အပါအဝင် ကမ္ဘာလှည့်​​ခရီး​သွား​​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် တခြား​တင်း​ကျပ်ထား​တဲ့​ ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​လျှော့​ချ​ပေး​ဖို့​ အစိုး​ရသစ်အဖွဲ့​မှာပါတဲ့​ ဟိုတယ်နှင့်​ခရီး​သွား​ဝန်ကြီး​ကို လုပ်ငန်း​ရှင်​တွေက ​တောင်း​ဆိုဖို့​စီစဉ်ထား​တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။

“ကျ​နော်က​တော့​ ​လော​လောဆယ် ဆိုက်​ရောက်ဗီဇာ​တွေ ပြန်ပြီး​တော့​ ဖွင့်​ပေး​ဖို့​၊​ ​နောက်ပြီး​ရင် ​လေ​ကြောင်လိုင်း​တွေကိုလည်း​ ပိုလာချင်​အောင် ဒီဘက်က သက်သာ​အောင် လုပ်​ပေး​ဖို့​၊​ ​နောက်တခါ ဟိုတယ်​တွေ၊​ အခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ပြန်ပြီး​တော့​ လာနိုင်​အောင်​ပေါ့​နော်။ အခုက တီစီတို့​ ဘာတို့​လည်း​ မရှိ​တော့​ဘူး​လေ။ ဝန်ကြီး​တွေက တိုက်ရိုက်တာဝန်ခံပြီး​တော့​ အစိုး​ရရဲ့​ အ​နေအထား​ဖြစ်သွား​တော့​ ပိုပြီး​တော့​ လမ်း​ပွင့်​သွား​မယ် ထင်ပါတယ်။”

လာမယ့်​သောကြာ​နေ့​ ပြုလုပ်မယ့်​ ဟိုတယ်နှင့်​ခရီး​သွား​လာ​ရေး​ဝန်ကြီး​နဲ့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ကြတဲ့​ပွဲမှာ တင်ပြ​တောင်း​ဆိုမှာ ဖြစ်ပါတယ်။

ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​ခဲ့​တဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​မေလ ၁ ရက်က​နေ ဩဂုတ် ၃၁ ရက်ထိ ကမ္ဘာလှည့်​ခရီး​သည်ဦး​ရေ ၈ ​သောင်း​လောက် ဝင်​ရောက် လည်ပတ်ခဲ့​ကြပါ တယ်။

ကမ္ဘာလှည့်​ခရီး​သည်​တွေ သိသိသာသာတိုး​တက်ခဲ့​တဲ့​အတွက် ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အခုလို​တောင်း​ဆိုဖို့​ ပြင်ဆင်​နေတာ ဖြစ်ပါတယ်။

လက်ရှိအ​နေအထား​မှာ ခရီး​သည်ဝင်​ရောက်မှုအ​နေအထား​နဲ့​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ပျံသန်း​မှု အချိုး​အစား​ မညီတဲ့​အတွက် ခရီး​သွား​လုပ်ငန်း​တွေ အခက်​တွေ့​နေကြပါတယ်။

ခရီး​သွား​ရာသီမှာ ခရီး​သည်ဝင်​ရောက်မှု များ​ပြား​ပေမယ့်​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ခရီး​စဉ်​တွေ အလုံအ​လောက်မ​ပြေး​ဆွဲ​ပေး​နိုင်တဲ့​အတွက် အခက်​တွေ့​နေကြတာ ဖြစ်ပါတယ်။

ဒါ့​အပြင် ရန်ကုန်ကလွဲပြီး​ တခြား​မြို့​တွေမှာ နိုင်ငံတကာအဆင့်​မီ ဟိုတယ်ခန်း​တွေ အလုံအ​လောက်မရှိတဲ့​အတွက် ပြည်ပရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာ​အောင် ​ဆောင်ရွက်​ပေး​ဖို့​ လိုအပ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက ​ပြောဆို​နေကြပါတယ်။

ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်ထဲ အာဆီယံနိုင်ငံ​တွေအနက် လာအိုမှာ ၁ သန်း​ကျော်၊​ ဗီယက်နမ်မှာ ၄ သန်း​ ​ကျော်၊​ က​မ္ဘောဒီး​ယား​မှာ၂ သန်း​ကျော် ကမ္ဘာလှည့်​ခရီး​သည် ဝင်​ရောက်လည်ပတ်ခဲ့​ပြီး​ မြန်မာနိုင်ငံကို​တော့​ ၃ သိန်း​ကျော် လာ​ရောက် လည်ပတ်ခဲ့​ပါတယ်။

ကမ္ဘာလှည့်​ခရီး​သည်​တွေ မြန်မာပြည်ကို ပိုပြီး​လာ​ရောက်လည်ပတ်ဖို့​ အတွက် မနှစ် နှစ်လယ်ကလို ဆိုင်​ရောက်ဗီဇာထုတ်​ပေး​ဖို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အလိုရှိ​နေကြပါတယ်။ဆိုက်​ရောက်ဗီဇာ ပြန်လည်ခွင့်​ပြုဖို့​၊​ ​လေဆိပ်အသုံး​ပြုခွင့်​ အခွန်အခ​တွေ ​လျှော့​ချဖို့​အပါအဝင် ကမ္ဘာလှည့်​ခရီး​သွား​လုပ်ငန်း​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် တခြား​တင်း​ကျပ်ထား​တဲ့​ ကိစ္စရပ်​တွေ ​တော်​တော်များ​များ​ ​လျှော့​ချ​ပေး​ဖို့​ အစိုး​ရသစ်အဖွဲ့​မှာပါတဲ့​ ဟိုတယ်နှင့်​ခရီး​သွား​ဝန်ကြီး​ကို လုပ်ငန်း​ရှင်​တွေက ​တောင်း​ဆိုဖို့​စီစဉ်ထား​တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်တဦး​က ​ပြောပါတယ်။ 

“ကျ​နော်က​တော့​ ​လော​လောဆယ် ဆိုက်​ရောက်ဗီဇာ​တွေ ပြန်ပြီး​တော့​ ဖွင့်​ပေး​ဖို့​၊​ ​နောက်ပြီး​ရင် ​လေ​ကြောင်လိုင်း​တွေကိုလည်း​ ပိုလာချင်​အောင် ဒီဘက်က သက်သာ​အောင် လုပ်​ပေး​ဖို့​၊​ ​နောက်တခါ ဟိုတယ်​တွေ၊​ အခြား​ ရင်း​နှီး​မြှုပ်နှံမှု​တွေ ပြန်ပြီး​တော့​ လာနိုင်​အောင်​ပေါ့​နော်။ အခုက တီစီတို့​ ဘာတို့​လည်း​ မရှိ​တော့​ဘူး​လေ။ ဝန်ကြီး​တွေက တိုက်ရိုက်တာဝန်ခံပြီး​တော့​ အစိုး​ရရဲ့​ အ​နေအထား​ဖြစ်သွား​တော့​ ပိုပြီး​တော့​ လမ်း​ပွင့်​သွား​မယ် ထင်ပါတယ်။”

လာမယ့်​သောကြာ​နေ့​ ပြုလုပ်မယ့်​ ဟိုတယ်နှင့်​ခရီး​သွား​လာ​ရေး​ဝန်ကြီး​နဲ့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ကြတဲ့​ပွဲမှာ တင်ပြ​တောင်း​ဆိုမှာ ဖြစ်ပါတယ်။

ဆိုက်​ရောက်ဗီဇာ ထုတ်​ပေး​ခဲ့​တဲ့​ ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​မေလ ၁ ရက်က​နေ ဩဂုတ် ၃၁ ရက်ထိ ကမ္ဘာလှည့်​ခရီး​သည်ဦး​ရေ ၈ ​သောင်း​လောက် ဝင်​ရောက် လည်ပတ်ခဲ့​ကြပါ တယ်။

ကမ္ဘာလှည့်​ခရီး​သည်​တွေ သိသိသာသာတိုး​တက်ခဲ့​တဲ့​အတွက် ခရီး​သွား​လုပ်ငန်း​ရှင်​တွေက အခုလို​တောင်း​ဆိုဖို့​ ပြင်ဆင်​နေတာ ဖြစ်ပါတယ်။

လက်ရှိအ​နေအထား​မှာ ခရီး​သည်ဝင်​ရောက်မှုအ​နေအထား​နဲ့​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ပျံသန်း​မှု အချိုး​အစား​ မညီတဲ့​အတွက် ခရီး​သွား​လုပ်ငန်း​တွေ အခက်​တွေ့​နေကြပါတယ်။

ခရီး​သွား​ရာသီမှာ ခရီး​သည်ဝင်​ရောက်မှု များ​ပြား​ပေမယ့်​ ပြည်တွင်း​ပြည်ပ ​လေ​ကြောင်း​လိုင်း​ ခရီး​စဉ်​တွေ အလုံအ​လောက်မ​ပြေး​ဆွဲ​ပေး​နိုင်တဲ့​အတွက် အခက်​တွေ့​နေကြတာ ဖြစ်ပါတယ်။

ဒါ့​အပြင် ရန်ကုန်ကလွဲပြီး​ တခြား​မြို့​တွေမှာ နိုင်ငံတကာအဆင့်​မီ ဟိုတယ်ခန်း​တွေ အလုံအ​လောက်မရှိတဲ့​အတွက် ပြည်ပရင်း​နှီး​မြှုပ်နှံမှု​တွေ ဝင်လာ​အောင် ​ဆောင်ရွက်​ပေး​ဖို့​ လိုအပ်တယ်လို့​ ခရီး​သွား​လုပ်ငန်း​ရှင်​တွေက ​ပြောဆို​နေကြပါတယ်။

ပြီး​ခဲ့​တဲ့​ ၂၀၁၀ ပြည့်​နှစ်ထဲ အာဆီယံနိုင်ငံ​တွေအနက် လာအိုမှာ ၁ သန်း​ကျော်၊​ ဗီယက်နမ်မှာ ၄ သန်း​ ​ကျော်၊​ က​မ္ဘောဒီး​ယား​မှာ၂ သန်း​ကျော် ကမ္ဘာလှည့်​ခရီး​သည် ဝင်​ရောက်လည်ပတ်ခဲ့​ပြီး​ မြန်မာနိုင်ငံကို​တော့​ ၃ သိန်း​ကျော် လာ​ရောက် လည်ပတ်ခဲ့​ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013