DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကရင်အမျိုးသမီးအဖွဲ့ တောင်းဆို
DVB
·
July 1, 2015
နော်အုန်းလှကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကရင်အမျိုးသမီးအဖွဲ့ တောင်းဆို
Donate to DVB

ထောင်တွင်းအကျဉ်းကျခံနေရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ကရင်အမျိုးသမီး အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။

ပြည်တွင်းအခြေစိုက် ကရင်အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ နယ်စပ်အခြေစိုက် ကရင်အမျိုးသမီးအစည်းအရုံးတို့က ပူးပေါင်းပြီး နော်အုန်းလှကို လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

“ဘာကြောင့် လွှတ်ပေးဖို့ တောင်းဆိုရတာလဲဆိုတော့ ငြိမ်းချမ်းစွာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းအားဖြင့် ဘယ်သူ့မှ ထောင်တွင်း အကျဉ်းကျမခံသင့်ဘူးလို့ ကျမတို့ ယုံကြည်တယ်။ နောက်တခုကကျတော့ မြန်မာအစိုးရအနေနဲ့ ပြည်တွင်းမှာ တကယ်ပဲ ပြုပြင်ပြောင်းလဲမှုကို တကယ်လိုလားတယ်ဆိုရင် ပြည်သူလူထုတွေကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပေးရမယ်” လို့ ကရင်အမျိုးသမီးအစည်းအရုံးရဲ့ တွဲဘက်အတွင်းရေးမှူး ၁ ဖြစ်တဲ့ နော်တာမလာစောက ပြောပါတယ်။

ဒါ့အပြင် နော်အုန်းလှဟာ  မိမိအကျိုးအတွက်မပါဘဲ အများပြည်သူ အခွင့်အရေးပြန်ရရှိရေး အတွက် လှုပ်ရှားတိုက်ပွဲဝင်နေတဲ့ အမျိုးသမီးတဦး ဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့လည်း ပြောပါတယ်။

နော်အုန်းလှဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ရွှေတိဂုံဘုရားမှာ ၀တ်ပြုဆုတောင်းခဲ့တာကြောင့် ဇွန် ၂၉ ရက်နေ့က ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။

ဒါ့အပြင် မနှစ် ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ဖြစ်ရပ် အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် တရုတ်သံရုံးရှေ့မှာ ချီတက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ မေလက တခြားလှုပ်ရှားသူတွေနဲ့ ထောင်ဒဏ် ၄ နှစ် ၄ လ  ချမှတ်ခံထားရသူဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်သံရုံးရှေ့မှာ လမ်းလျှောက်ချီတက်မှုနဲ့ အလုံ၊ ကျောက်တံတား၊ စမ်းချောင်း အစရှိတဲ့ မြို့နယ်တွေကလည်း သူ့ကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပါတယ်။

မြန်မာနိုငံအစိုးရအနေနဲ့  အများပြည်သူမှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများအပြင် အစိုးရအပေါ် ဝေဖန်သုံးသပ်ခြင်းများကိုလည်း လေးစားသင့်ကြောင်းနဲ့  မိမိတို့ရဲ့အမြင် အယူအဆတွေ ထုတ်ဖော်ခြင်းအပေါ် ခြိမ်းခြောက်တာ၊ ဖမ်းဆီးတာတွေ မဖြစ်သင့်ကြောင်းလည်း ကရင်အမျိုးသမီးအဖွဲ့တွေက ဝေဖန်ထားပါတယ်။

ဒါ့အပြင် နော်အုန်းလှနှင့်အတူ အခြားသော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကြောင့် ဖမ်းဆီး ထောင်ချ စွဲချက်တင်ခံထားရသူအားလုံးကို အမှုအားလုံးကနေ ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013