DVB Logo
Home
မြန်မာသတင်း
ကျောင်းသားရုံးထုတ်စဉ် ကိုခင်လှိုင် ထပ်မံမူးလဲ
DVB
·
June 30, 2015
ကျောင်းသားရုံးထုတ်စဉ် ကိုခင်လှိုင် ထပ်မံမူးလဲ
Donate to DVB

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်လို့ တရားစွဲခံရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံပြည်သူ ၇၀ လောက်ကို သာယာဝတီ ခရိုင်တရားရုံးမှာ ဒီကနေ့ရုံးထုတ်စဉ် ၀န်းရံပြည်သူ ကိုခင်လှိုင် ထပ်မံမူးလဲခဲ့ပါတယ်။

ကိုခင်လှိုင်ဟာ ဇွန်လ ၉ ရက်နေ့ ရုံးချိန်းတုန်းက သွေးအန်ပြီး  ရန်ကုန်ဆေးရုံကြီးမှာ ရက်အ တန်ကြာ အရေးပေါ်  ဆေးကု သမှုခံယူခဲ့ရသူဖြစ်ပါတယ်။ ဒီကနေ့ ရုံးထုတ်ချိန်မှာ ထပ်မံမူးလဲကျလို့ အရေးပေါ် ဆေးရုံပို့လိုက်ရ တယ်လို့ သတင်းသွားယူတဲ့ သတင်းထောက်ဦးက ပြောပါတယ်။

“ပြီးခဲ့တဲ့ တခေါက်က မူးလဲတဲ့ ကိုခင်လှိုင်ဆိုတာ အဲဒီ တယောက်ပဲ ထပ်မူးလဲတာ။ အခု သူ့ကို ခေါ်သွားပြီ။ ဆေးရုံကိုလေ။”

ဒီကနေ့ ရုံးထုတ်မှာတော့ မြို့နယ်တရားရုံးမှာ စစ်ဆေးမှုမရှိဘဲ ခရိုင်တရားရုံးမှာ တင်ထားတဲ့ ၁၅ ယောက် အာမခံတွေကို လျှောက်လဲချက်ပေးကြောင်းနဲ့ တရားသူကြီးက နောက်တကြိမ်ရုံးချိန်းကို ဇူလိုင် ၁၄ ရက်နေ့ကို ချိန်းဆိုပါတယ်။

ရုံးကို တပတ်တကြိမ်ချိန်းပေးဖို့ ကျောင်းသားတွေ တောင်းဆိုခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပါတယ်။

သူက “ကျောင်းသားတွေရုံးချိန်းကို ၂ ပတ်ခွာပြီးတော့ ၁၄ ရက်နေ့ကျမှ ထပ်ချိန်းတယ်။ ကျောင်း သားတွေ ဘက်ကနေပြီးတော့ တပတ်တခါချိန်းပေးဖို့ တောင်းတာ မရဘူး။ သူတို့ ထောင် ၀င်စာလည်း ပိတ်ခံရလို့ တပတ်တခါရုံးချိန်း ချိန်းပေးပါလို့ ကျောင်းသားတွေဖက်က တောင်းဆို တာကို တရားသူကြီးကလက်မခံဘူး။ နှစ်ပတ်ပဲ ခွာ ချိန်းတယ်။”

ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်း အပါအ၀င် ၃၅ ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ ရုံးချိန်ကအပြန် ထောင်ဘူးဝမှာ စီးကရက်နဲ့ ကွမ်းယာတွေ ယူလာလို့ဆိုပြီး ဇွန်လ ၂၄ ရက်နေ့ ကနေ ၂ ပတ်  ထောင်ဝင်စာ ပိတ်ခံထားရပါတယ်။

လက်ပံတန်းကျောင်းသားသပိတ်ကြောင့် သာယာဝတီအကျဉ်းထောင်၊ အင်းစိန်နဲ့မြင်းခြံ အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံကျောင်းသားနဲ့ ၀န်းရံပြည်သူအပါအ၀င် ၁၀၀ နီးပါးလောက် အမှုရင်ဆိုင်နေရပါတယ်။
သာယာဝတီထောင်မှာတော့ သပိတ်မှောက်ကျောင်းသားတွေနဲ့ ၀န်းရံပြည် သူ ၇၀ လောက်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှု အပါအ၀င် ပုဒ်မ ၅ ခုနဲ့ တရားစွဲဆိုရုံးထုတ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013