DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေအဖြစ် တရက် ၃၆၀၀ သတ်မှတ်
DVB
·
June 30, 2015
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေအဖြစ် တရက် ၃၆၀၀ သတ်မှတ်
Donate to DVB

မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် အနိမ့်ဆုံး အခကြေးငွေအဖြစ် တရက်ကို ကျပ် ၃၆၀၀ သတ်မှတ်လိုက်ကြောင်း အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက ဇွန်လ ၂၉  ရက်နေ့မှာ ထုတ်ပြန်ကြေညာပါတယ်။

အဲဒီနှုန်းထားအရ အနည်းဆုံး အခကြေးငွေဟာ တနာရီကို ကျပ် ၄၅၀ နှုန်းနဲ့ ပုံမှန် အလုပ်ချိန်အတွက် ကျပ် ၃၆၀၀ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

အခု သတ်မှတ်ချက်ဟာ အလုပ်သမား ၁၅ ယောက် အောက်ရှိတဲ့ လုပ်ငန်းတွေနဲ့ မိသားစု တပိုင်တနိုင် လုပ်ငန်းတွေကလွဲလို့ တနိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေအတွက် နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစား မကွဲပြားဘဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အခုနှုန်းထားကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ အမျိုးသားကော်မတီက အဆိုပြုထားတာဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေအနေနဲ့ လက်ခံနိုင်မှု မရှိပါက နှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကန့်ကွက်မယ့်သူ မရှိရင် အစိုးရဆီ တင်ပြပြီး  ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်လာမှာပါ။

ပြီးခဲ့တဲ့ ရက်တွေအတွင်း အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ဆွေးနွေးပွဲတွေအပြီးမှာ အနည်းဆုံး အခကြေးငွေ သတ်မှတ်ချက် ထွက်ပေါ်လာတာပါ။

အလုပ်သမားတွေဘက်က တရက် လုပ်အားခ ကျပ် ၄၀၀၀ သတ်မှတ်ပေးဖို့ တောင်းဆိုခဲ့သလို အထည်ချုပ် လုပ်ငန်းရှင်တွေဘက်က တရက်ကို ကျပ်ငွေ ၂၅၀၀ ပေးဖို့ တင်ပြခဲ့ပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ရေးအတွက် အစိုးရ၊ အလုပ်သမားနဲ့ အလုပ်ရှင်တွေ ၂ နှစ်ကျော် ဆွေးနွေးအပြီးမှာ ထုတ်ပြန်နိုင်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013