DVB Logo
Home
မြန်မာသတင်း
တောင်ကုတ်ရေကြီးမှု လူ ၃ ဦး သေဆုံး
DVB
·
June 29, 2015
တောင်ကုတ်ရေကြီးမှု လူ ၃ ဦး သေဆုံး
1 / 9
Donate to DVB

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ၃ ရက်ကြာ ရေကြီးပြီးနောက် ရွှံ့နွံ့ဖုံးလွှမ်းကျန်ခဲ့တဲ့ နေအိမ်တွေကို ဆေးကျောမှုတွေကို  ရေကျသွားတဲ့ ဇွန်လ ၂၉ ရက်နေ့မှာ ဒေသခံပြည်သူတွေ ပြုလုပ်နေရပါတယ်။

တောင်ကုတ်ချောင်းရေ မိုးရွာသွန်းမှုကြောင့် တောင်ကုတ်တမြို့လုံးကို ရေဖုံးလွှမ်းခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့က စတင်ရေကြီးခဲ့တာကြောင့် ကမ်းနားဘေးက အဆောက်အအုံ ၁၅ လုံးထက်မနည်း ချောင်းရေထဲမျောပါသွားလို့ အမျိုးသမီး တဦး အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။

လူအသေအပျောက်ရှိတယ်လို့ ဒေသခံတွေက ပြောပေမယ့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ မိုးရေကြောင့် တောင်ကုတ်-ကျောက်ဖြူ ကားလမ်းပေါ်က ငပျောချောင်းတံတား ချဉ်းကပ်လမ်းတွေပျက်နေလို့ သွားလာရေးတွေ ပြတ်တောက်နေပြီး ဒီနှစ်မိုးရာသီ တောင်ကုတ်ရေကြီးမှု ဒီနှစ်မှာ အဆိုးဆုံးဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ် ဝန်းကျင်က ရေကြီးတာထက် ပိုဆိုးတယ်လို့ တောင်ကုတ်မြို့ခံ ကိုမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013