DVB Logo
Home
မြန်မာသတင်း
ပြင်သစ်ဘဏ္ဍာရေးအဖွဲ့ ၆ ခုက မြန်မာစစ်အုပ်စုကိုပံ့ပိုးနေ၊ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား
DVB
·
July 7, 2023
ပြင်သစ်ဘဏ္ဍာရေးအဖွဲ့ ၆ ခုက မြန်မာစစ်အုပ်စုကိုပံ့ပိုးနေ၊ ဒေါ်လာ ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံထား
Donate to DVB

ကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးနေတဲ့ နာမည်ကြီးပြင်သစ်ဘဏ် ၅ ခုနဲ့ ပင်စင်ရန်ပုံငွေတခုတို့ကို Justice For Myanmar နဲ့ BankTrack တို့က ထုတ်ဖော်လိုက်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံ ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းကြိုးပမ်းမှု ၂ နှစ်ကျော်ကာလ၊ မြန်မာ့စစ်ရာဇဝတ်ဂိုဏ်းမှာ  သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အစီရင်ခံစာထဲမှာ ဖော်ထုတ်ခံရပြီးနောက်ပိုင်း မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီ ၂၂ ခုတို့က ဆက်လက်ရင်းနှီးမြှုပ်နှံနေတယ်လို့ Info Birmanie, BankTrack နဲ့ Justice for Myanmar တို့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားကာ စစ်အုပ်စုက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတာပါ။

ALTSEAN-Burma၊ FIDH နဲ့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့တွေက လက်မှတ်ရေးထိုး ထောက်ခံထားတဲ့ အဆိုပါအစီရင်ခံစာထဲမှာတော့ Crédit Agricole၊ La Banque Postale၊ BPCE Group၊ BNP Paribas၊ Société Générale နဲ့ Fonds de Réserve တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၆ ဘီလီယံရဲ့ ၇၅ ရာခိုင်နှုန်းဟာ ရုပ်ကြွင်းလောင်စာ ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ထုတ်ထားပါတယ်။

ဒါ့အပြင် မြန်မာစစ်အုပ်စုဆီ စစ်လက်နက် ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ စစ်အုပ်စု စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်ကို မြှင့်တင်ပေးတဲ့ ဆက်သွယ်ရေးနည်းပညာကဏ္ဍမှာ လုပ်ကိုင်နေကြတဲ့ ကုမ္ပဏီတွေမှာလည်း ရင်းနှီးမြှုပ်နှံထားခဲ့ကာ Credit Agricole က အမေရိကန်ဒေါ်လာ ၄ ဘီလီယံနဲ့ ရင်းနှီးမြှုပ်နှံမှုအများစုကို ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

Justice For Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ပြင်သစ်ဘဏ်တွေနဲ့ ပင်စင်ရန်ပုံငွေ အဖွဲ့အစည်းတစ်ခုအနေနဲ့ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်း ကြုတ်တဲ့ ရာဇ၀တ်မှုတွေကို အပြစ်ပေး အရေးယူခံရခြင်း ကင်းလွတ်စွာနဲ့ ကျူးလွန်နေတဲ့ မြန်မာစစ်အုပ်စုနဲ့ စီးပွားရေးဆက်နွှယ်မှုရှိတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက် လုပ်ဆောင်နေတာက လက်ခံနိုင်ဖွယ်မရှိပါဘူး။ အဲ့ဒီဘဏ်တွေအနေနဲ့ စစ်အုပ်စုကို ပံ့ပိုးကူညီနေတာမျိုးမဖြစ်အောင် အခုချက်ချင်း အရေးယူဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ပြင်သစ်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံက အပါအဝင် မြန်မာစစ်အုပ်စုဆီ လက်နက်စီးဝင် ရောက်ရှိမှုကို တားဆီးဖို့ ခိုင်ခိုင်မာမာ ရပ်တည်ဖို့၊ စစ်အုပ်စုထံ ကမ္ဘာလုံးဆိုင်ရာစစ်လက်နက်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းနိုင်ရေး တွန်းအားပေးလုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

Crédit Agricole ကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းကြိုးပမ်းမှုစကတည်းက မြန်မာစစ်အုပ်စုဆီ စစ်လက်နက်ပစ္စည်းတွေ ရောင်းချမှုမှာ ပါဝင်ပတ်သက်နေတဲ့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံပိုင် Bharat Electronics Limited (BEL) မှာ ရင်းနှီးမြှုပ်နှံထားကြောင်း ဖော်ပြထားပြီးတော့ စစ်အုပ်စုဆီ စစ်လက်နက်နဲ့ နည်းပညာရောက်ရှိစေရေး ပြင်သစ်အဖွဲ့အစည်းတွေက ငွေကြေးကူညီနေတာတွေကို ကာကွယ်တားဆီးဖို့အတွက် ဒီတွေ့ရှိချက်တွေအရ ပြင်သစ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကာကွယ်ရေးနယ်ပယ်က အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံ တို့ကြား မိတ်ဖက်ဆောင်ရွက်မှုတွေကို အသေးစိတ် စစ်ဆေးစုံစမ်းသင့်တယ်လို့လည်း ဆိုပါတယ်။

Crédit Agricole၊ Groupe BPCE၊ BNP Paribas၊ Banque Postale နဲ့ Fonds de Réserve pour les retraites တို့ဟာ ဂျပန်ကုမ္ပဏီ KDDI နဲ့  မိတ်ဖက် Sumitomo ကော်ပိုရေး ရှင်းတို့မှာလည်း ရှယ်ယာတွေ ပိုင်ဆိုင်ထားပြီးတော့ ဆက်သွယ်ရေးကဏ္ဍက အဆိုပါ ကုမ္ပဏီတွေဟာ မြန်မာ့စာတိုက်နှင့် ဆက်သွယ်ရေးလုပ်ငန်း (MPT) နဲ့ ဖက်စပ်လုပ်ငန်းတွေ ကတဆင့် စစ်အုပ်စုနဲ့ စီးပွားရေး ဆက်လက်လုပ်ဆောင်နေပြီး စစ်အုပ်စုရဲ့ စောင့်ကြည့်ထောက်လှမ်းရေး စွမ်းရည်ကို ပံ့ပိုးကူညီနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

BankTrack က Climate campaigner & researcher ဖြစ်သူ Henrieke Butijn ကတော့ “လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအကြောင်း ဖော်ထုတ်ပြီး နောက်မှာတောင် ဒီဘဏ်တွေဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ လုံလောက်တဲ့ အရေးယူမှု မလုပ်သေးတာ ဒေါသထွက်စရာပါပဲ။ ဒီ ၂ နှစ်တာအတွင်းမှာ စစ်အုပ်စုက ပြည်သူတွေအပေါ် အကြမ်းဖက်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေက ရရှိတဲ့ အခွန်ဝင်ငွေတွေနဲ့ Bharat Electronics တို့လို ကုမ္ပဏီတွေထံက ထုတ်ကုန်တွေကို အသုံးပြုခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်ဘဏ္ဍာရေးအဖွဲ့အစည်း ၅ ခုအနေနဲ့ သူတို့ရဲ့ ရင်းနှီးမြှပ်နှံမှုတွေနဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ဖွယ်တွေကို လုပ်ဆောင်ဖို့ပျက်ကွက်တာဟာ OECD နဲ့ UNGPs လမ်းညွှန်ချက်တွေကို ချိုးဖောက်ရုံသာမက၊ မြန်မာပြည်သူတွေအပေါ် သစ္စာဖောက်နေကြတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဒါ့အပြင် အစီရင်ခံစာထဲမှာ အဆိုပါဘဏ် ၅ ခုနဲ့ ပင်စင်ရံပုံငွေအဖွဲ့အစည်းတခုတို့အနေနဲ့ ပြင်သစ်နိုင်ငံရဲ့ 2017 Duty of Care Law နဲ့ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာစံနှုန်းတွေအရ သူတို့ရဲ့ တာဝန်ဝတ္တရားတွေကို လိုက်နာလုပ်ဆောင်ကြဖို့လည်း တောင်းဆိုထားခဲ့တာပါ။

Info Birmanie ရဲ့ ညှိနှိုင်းရေးမှူးကတော့ "အထူးသဖြင့် Crédit Agricole အနေနဲ့ စစ်အုပ်စုဆီ လက်နက်ရောင်းချမှုတွေကြောင့် နော်ဝေအချုပ်အခြာရန်ပုံငွေ အဖွဲ့အစည်းတရပ်ဖြစ်တဲ့ Norges Bank Investment Management က ရင်းနှီးမြှုပ်နှံမှုတွေ နုတ်ထွက်ထားတဲ့ အိန္ဒိယစစ်လက်နက် ထုတ်လုပ်ရေးကုမ္ပဏီ Bharat Electronics Limited က ရင်းနှီးမြှုပ်နှံမှုတွေကို ရုတ်သိမ်း နုတ်ထွက်တာ မြန်မြန်တွေ့ချင်ပါတယ်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013