

ချဲလ်ဆီးအသင်းဟာ ဗီလာရီးယဲလ်အသင်းက ဆီနီဂေါတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆန်ကို ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင်ကြေညာသွားပါတယ်။
အသက် ၂၂ နှစ်ရှိ ဂျက်ဆန်ဟာ အရပ်ခြောက်ပေ တစ်လက်မ မြင့်ပြီး ဗီလာရီးယဲလ်လူငယ်စီမံကိန်းကနေ ပေါ်ထွက်လာခဲ့သူပါ။
၂၀၂၁ ခုနှစ်မှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး မနှစ်က လာလီဂါမှာ ၃၈ ပွဲ ကစားပြီး ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ပြောင်းရွှေ့ကြေးကို တရားဝင် မထုတ်ပြန်ခဲ့ပေမဲ့ ပေါင် ၃၂ သန်းလောက် ပေးချေခဲ့ရပြီး ၈ နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်းသိရပါတယ်။
ဂျက်ဆန်က ငယ်ရွယ်သေးပေမဲ့ ကြီးမားတဲ့အလားအလာရှိတဲ့တိုက်စစ်မှူးဖြစ်ပြီး နည်းပြသစ် ပိုချက်တီနိုရဲ့လက်အောက်မှာ နောက်တဆင့်ကို တက်လှမ်းဖို့ အဆင်သင့်ရှိနေတဲ့ ကစားသမားဖြစ်ကြောင်း ချဲလ်ဆီးအသင်းအားကစားဒါရိုက်တာတွေဖြစ်တဲ့ လောရင့်စတီးဝါ့သ်နဲ့ ပေါလ်ဝင်စတန်လေတို့က သုံးသပ်ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ ဂိုးသမားမန်ဒီအပါအဝင် ကူလီဘာလေ၊ ကန်တေ၊ ကိုဗာချစ်၊ မေဆန်မောင့်၊ ကိုင်ဟာဗက်ဇ်နဲ့ လော့တက်စ်ချိခ် တို့ကို ရောင်းထုတ်ခဲ့ပြီး အက်ဇ်ပီလီကွယ်တာကိုလည်း ထွက်ခွါခွင့်ပေးခဲ့ပါတယ်။