DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလား‌ဒေ့ရှ်ဘက် ထွက်ပြေးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်မလာနိုင်ကြသေး
DVB
·
June 9, 2023
ဘင်္ဂလား‌ဒေ့ရှ်ဘက် ထွက်ပြေးခဲ့သည့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်မလာနိုင်ကြသေး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ကြရတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက် မြန်မာဘက် ပြန်လာနိုင်ရေးအတွက် မြန်မာကိုယ်စားလှယ်အဖွဲ့တွေ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ ဒုက္ခသည်တွေ ဒီနေ့အထိ တဦးမှပြန်မလာကြသေးကြောင်း ပြည်နယ်ကောင်စီ တာဝန်ရှိသူတွေထံက သိရပါတယ်။

အဲဒီ ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်က စတင်ပြီး မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးနဲ့ စစ်ဆင်ရေးတွေကြောင့် ထွက်ပြေးခဲ့ကြရတာပါ။

“နေရပ်စွန့်ခွာသူတွေ နေရပ်ပြန်လာဖို့ မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့တွေ ဘင်္ဂလားကိုသွားပြီး စည်းရုံးခဲ့ကြတာ အကြိမ်တွေများပြီ။ ဒီနေ့အထိ တဦးမှ ပြန်မလာသေးဘူး။ မြန်မာဘက်က ပြန်လည်လက်ခံရေး စခန်းတွေမှာ ထွေအုပ်က ညွှန်ကြားရေးမှူးအဆင့် အရာရှိတွေထိုင်ပြီး အဆင်သင့် အနေအထားတွေ လုပ်ထားတယ်။”

၂၀၂၃ ခုနှစ် မတ် ၁၅ ရက်က အဖွဲ့ဝင် ၂၂ ဦးပါ မြန်မာကိုယ်စားလှယ်အဖွဲ့တဖွဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ တက်ခ်နက်မြို့နယ်ကို သွားရောက်ခဲ့ပြီး ရှေ့ပြေးစီမံချက်အနေနဲ့ ပြန်လည်လက်ခံမယ့် ဒုက္ခသည်အရေအတွက်စာရင်းကို လေ့လာစိစစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေ ၂၅ ရက်မှာလည်း ရခိုင်ပြည်နယ်စစ်ကောင်စီ လူမှုရေးဝန်ကြီး ဦးအောင်မျိုးနဲ့ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး အပါအဝင် ၁၄ ဦးတို့မှာ တက္ကနာဖ်မြို့ရှိ လူထုစင်တာမှာ မွတ်ဆလင်ဒုက္ခသည်စခန်း ၂၉ က ဒုက္ခသည် ၂၈၀ ဦးနဲ့ တွေ့ဆုံခဲ့ပြီး ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ရှင်းပြတဲ့ နေ့ချင်းပြန်ခရီးစဥ်အဖြစ် သွားရောက်ခဲ့ကြပါသေးတယ်။

မြန်မာဘက်က ကိုယ်စားလှယ်တွေက နေရပ်စွန့်ခွာ ရိုဟင်ဂျာတွေ ပြန်လာရေး အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမဲ့ ဒီနေ့အထိ တဦးမှပြန်မလာကြတာဟာ သူတို့လိုချင်တဲ့အချက်တွေ မရတဲ့အတွက်လို့ ရိုဟင်ဂျာတွေက ဆိုပါတယ်။  ဒုက္ခသည်တချို့ကတော့ တတိယနိုင်ငံတွေကို ရောက်ရှိသွားတာလည်း ရှိပါတယ်။ 

“ကျနော်တို့တောင်းဆိုချက်တွေက နိုင်ငံသားကတ်နဲ့ နိုင်ငံသားအခွင့်အရေးရရှိရေး၊ မူလနေအိမ်တွေနဲ့ ပစ္စည်းဥစ္စာတွေ ပြန်လည်ရရှိရေး၊ လွတ်လပ်စွာသွားလာခွင့်နဲ့ အသက်မွေးဝမ်းကျောင်း အခွင့်အရေးရရှိရေး၊ လုံခြုံမှုအာမခံချက်ရရှိရေးတို့ ပါဝင်တယ်။ အဲဒီတောင်းတဲ့အချက်တွေကို မြန်မာအာဏာပိုင်တွေက ပေးမယ်လို့ အာမခံတာ ယနေ့အထိ မရှိသေးဘူး။ အဲဒါကြောင့်မလာကြတာ။”

ဇွန် ၈ ရက် မနက် ၁၀ နာရီမှာ နေရပ်ပြန်ရေးလှုပ်ရှားမှုတခုကို ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြုချက်နဲ့ ကော့ဇ်ဘဇားခရိုင်၊ တက္ကနာဖ်မြို့နယ်ရှိ ဒုက္ခသည်စခန်းအမှတ် ၂၄၊ ၂၅၊ ၂၆၊ ၂၇ တို့မှာ ပြုလုပ်ခဲ့ကြတယ်လို့ ဒုက္ခသည်တွေထံက သိရပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013