Home
မြန်မာသတင်း
မင်းလှမြို့နယ်က အရှိုချင်းစစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအခက်ကြုံ
DVB
·
June 3, 2023

မကွေးတိုင်း၊ အထက်မင်းလှမြိုနယ်၊ မီးလောင်ကုန်းအုပ်စု၊ အရှိုချင်းကျေးရွာက စစ်ဘေးရှောင်တွေ ဟာ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလို ကလေးငယ်တွေဟာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဧပြီ ၂၂ ရက်က အထက်မင်းလှအခြေစိုက် တပ်မ (၈၈)လက်အောက်ခံတပ်တွေက  မီးလောင်ကုန်း၊ တောင်ဖီလာ၊ ချောင်းသာ၊ ရစုံ၊ ရေရင် စတဲ့ အရှိုချင်းကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရေရင်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲဝင်တွေ ထောက်ပံ့တယ်ဆိုပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့အတွက် ဒေသခံ ၁၁၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။

စစ်ဘေးရှောင်တစ်ဦးက“ရွာကမီးရှို့ခံလိုက်ရတော့ ပြန်စရာအိမ် မရှိတော့ဘူး။ စစ်ကြောင်းထပ်ထိုးမှာ စိုးရိမ်ပြီး မပြန်ရဲသေးဘူး။ တောင်ယာတဲမှာနေရင်း တဲတွေလည်း မုန်တိုင်းပျက်စီးသွားတော့ အခက်အခဲတွေ လိုအပ်ချက်တွေ အများကြီးပဲ။ ကလေးတွေလည်း ဒီနှစ်ကျောင်းမထားရဘူး”လို့ ပြောပါတယ်။

စစ်တပ်က မီးရှို့ခဲ့တဲ့အတွက်   လူနေအိမ် ၁၉ လုံး၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆိုင်ကယ် ၄ စီး မီးလောင်ဆုံးရှုံးခဲ့ရသလို ဒေသခံတွေဟာ ဒီကနေ့အထိ တောထဲနဲ့ တောင်ယာတွေမှာ တဲထိုးနေထိုင်နေရပြီး နေထိုင်စားသောက်ရေးမှာအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အကူအညီတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024