Live
Home
မြန်မာသတင်း
နွေဦးတက္ကသိုလ်က ဇာတ်ညွှန်းနှင့် ဂီတသင်တန်း ၂ ခု အသစ် ဖွင့်လှစ်မည်
DVB
·
May 26, 2023

နွေဦးတက္ကသိုလ်က ဇာတ်ညွှန်းနဲ့ ဂီတသင်တန်း ၂ ခု အသစ်ထပ်မံဖွင့်လှစ်သွားဖို့ ရှိနေပြီး လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။

သင်တန်း ၂ ခုလုံးကိုတော့ သင်တန်းသားဦးရေ ၂၀ စီသာ လက်ခံမှာဖြစ်ကာ သင်တန်း ကြေး အနေနဲ့ ကျပ် ၄ သောင်းစီ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဇတ်ညွှန်းသင်တန်းကိုတော့ လာမယ့် ဇူလိုင် ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင် တန်းကာလအားဖြင့် ၆ ပတ်တာ ကြာမြင့်မှာဖြစ်ပြီးတော့ ဂီတသင်တန်းကိုတော့ ဇူလိုင် ၁၃ ရက်မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းကာလအားဖြင့် ၈ ပတ်တာ ကြာမြင့်မယ်လို့ ဆိုပါတယ်။

နွေဦးတက္ကသိုလ်(SUM)ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်နေကြတဲ့ စစ်ကျွန်ပညာ ရေး သပိတ်မှောက်  CDM ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာဝေမျှပေးနေတဲ့ အွန်လိုင်းကျောင်းတခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းတွင်း စကားရည်လုခြင်း(Debate) ၊ စီးပွါးရေးဆိုင်ရာ ပညာရပ်တွေ၊ နိုင်ငံ ရေးပညာရပ်တွေ၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှု ဒီမိုကရေစီအရေး၊ စီမံခန့်ခွဲမှုပညာနဲ့ တခြားသော ပညာရပ်တွေကို စာတွေ့ထက် ကိုယ်တိုင်တွေးခေါ်တတ်ဖို့ကို ဦးစားပေး သင် ကြားနေကြတဲ့ တက္ကသိုလ်တခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတုန်းကလည်း မြန်မာ့နွေဦးတက္ကသိုလ်(SUM)နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ရဲ့ လက်အောက်ခံ ကျောင်းတကျောင်းတို့ဟာ ပညာရေးလုပ်ငန်းတွေ ပူးပေါင်းလုပ်ဆောင်ဖို့ သဘောတူစာချွန်လွှာကို ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်မှာတော့ လာမယ့် ၃ နှစ်တာကာလအတွင်း မြန်မာကျောင်းသား လူ ငယ်တွေအတွက် ရက်တို၊ ရက်ရှည် သင်တန်းတွေ၊ သုတေသနအစီအစဉ်တွေနဲ့ နိုင်ငံတ ကာနဲ့ ချိတ်ဆက်ရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး ကျောင်းသား ပေါင်း ၅၀၀ အထိ လက်ခံသင်ကြားပေးဖို့ သင်တန်းသားတွေကို  မကြာခင် ခေါ်သွားမယ်လို့ ပြောထားပါတယ်။

Basic Script Writing Class လျှောက်ထားရန်လင့်ခ်-

https://ee.humanitarianresponse.info/single/5jpGdtIX?returnUrl=https://t.me/+BtoVlmbi7RdlMDhl

 The Art Of Modern Music Production လျှောက်ထားရန်လင့်ခ်-

https://ee.humanitarianresponse.info/single/AAAlsQDv?returnUrl=https://t.me/+BtoVlmbi7RdlMDhl

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024