Home
အနုပညာ
ပန်းချီမောင်ဖိုး၏ အင်းစိန်ထောင်တွင်းက ရုပ်ပုံများ ပန်းချီပြပွဲ ဘန်ကောက်တွင် ပြသ
DVB
·
May 25, 2023

ပန်းချီမောင်ဖိုး၏ အင်းစိန်ထောင်တွင်းက ရုပ်ပုံများ အမည်ရှိ ပန်းချီပြပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ BACC အနုပညာနဲ့ ယဉ်ကျေးမှုစင်တာမှာ ပြသနေပါတယ်။

နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့မှုနဲ့ ပန်းချီမောင်ဖိုးဟာ အင်းစိန်ထောင်မှာ ၆ လ နေထိုင်ခဲ့ချိန်အတွင်း ရေးဆွဲခဲ့တဲ့ ပန်းချီကား ၇၀ ကို ပြသထားတာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ်ရှိ SEA JUNCTION 4th Floor BACC Bangkok Art and Culture Centre မှာ မနက် ၁၁ နာရီက ည ၇ နာရီအထိ ပြသနေတာပါ။

မှတ်စု ဒိုင်ယာယီစာအုပ်အရွယ် စာရွက်တွေအပေါ်မှာ ထောင်တွင်းက လူပုဂ္ဂိုလ်တွေနဲ့  မြင်ကွင်းတွေကို မေလ ၁၉ ရက်ကနေ ၃၁ ရက်တိုင်အောင် ပြပွဲကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

အလားတူ ပန်းချီမောင်ဖိုးရဲ့ ထောင်တွင်းပုံရိပ် ပန်းချီပြပွဲ ပထမအကြိမ်ကိုလည်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ကနေ ၃၁ ရက်အထိ မဲဆောက်မြို့ လွတ်လပ်ရေး ကဖီးမှာ ပြသခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024