
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မြို့မ ၁ ရပ်ကွက် ညောင်လေးပင်-မဒေါက်ကားလမ်းဘေးက ကမ္မဋ္ဌာန်းဘုန်းကြီးကျောင်းပေါ်ကို မေ ၂၃ ရက်ည ၆ နာရီဝန်းကျင်က သစ်ပင်ပိကျတာကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့ညခြောက်နာရီက ကမဌာန်းဘုန်းကြီးကျောင်းအတွင်းရှိ ကုက္ကိုပင်မှာ ရေဝပ်နေပြီး အမြစ်က မထိန်းနိုင်ဘဲ ထမင်းစားဆောင်ပေါ လဲကျခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
"ညကသစ်ပင်လဲတာ လေတိုက်တာမဟုတ်ဘူး။ အပင်က မြေကြီးမှာ ရေဝပ်နေတော့ အမြစ်ကကျွတ်ပြီး လဲကျတာလေ။ ဒီနေ့မနက် ကန်တော်ဦး ၆ လမ်းမှာ အိမ်တွေပြိုတယ်။"
သစ်ပင်ပိတာကြောင့် ဘုန်းကြီးကျောင်းမှာ ဝေယျာဝစွပြုလုပ်ပေးတဲ့ အမျိုးသမီးတဦးသေဆုံးခဲ့ပြီး သီလရှင် ၁ ပါး နဲ့အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့တာကြောင့် ညောင်လေ်ပင်ဆေးရုံကို ပို့ဆောင်ကုသထားကာ ဒဏ်ရာရသူသုံးဦးလုံး မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက် ၇ နာရီကလည်း ညောင်လေးပင်မြို့ မြို့မ ၁ ရပ်ကွက် ကန်တော်ဦး ၆ လမ်းမှာ လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်အချို့ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။