DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် ၂၈ဝဝ ကျော်ခန့် ပျက်စီး၊ ဒုက္ခသည် ၇ ဦး ဒဏ်ရာရ
DVB
·
May 15, 2023
မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းက နေအိမ် ၂၈ဝဝ ကျော်ခန့် ပျက်စီး၊ ဒုက္ခသည် ၇ ဦး ဒဏ်ရာရ
1 / 3
Donate to DVB

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို မေ ၁၄ ရက် နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ဝင်ရောက်ခဲ့တဲ့ အင်အားအလွန်ပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တာ့ဖ်နာ့ဖ်နဲ့ အူခိယာဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက နေအိမ်အဆောက်အအုံပေါင်း ၂၈၀၀ ကျော် ပျက်စီးခဲ့ရတယ်လို့ ဒုက္ခသည်ကယ်ဆယ်ရေးနဲ့ နေရပ်ပြန်ပို့ရေးကော်မရှင်နာ (RRRC) က ထုတ်ပြန်ပါတယ်။

မုန်တိုင်းသက်ရောက်နယ်မြေတွေထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံးပေါင်း ၂၈၂၆ လုံးပျက်စီးခဲ့တယ်လို့ RRRC ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

အင်အားအလွန်ကောင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထိခိုက်မှုတွေကို သေချာ အပြည့်အစုံသိနိုင်ဖို့ နောက်တစ်ရက် အချိန်ပေးရမှာဖြစ်ပြီး အန္တရာယ်သက်ရောက် နယ်မြေထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေအနေနဲ့ မုန်တိုင်းဒဏ်ကို အသေအပျောက် အနည်းဆုံးနဲ့ ကျော်လွှားနိုင်ခဲ့တယ်လို့ မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက မီဒီယာတွေကို ပြောကြားထားပါတယ်။

လတ်တလောအခြေအနေအရ  ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ပြန်လည်ထူထောင်ရေး အကူအညီတွေ လိုအပ်နေပြီး UNHCR BGD ကတော့ IOM ၊ UNHCR ၊ IRC စတဲ့အဖွဲ့တွေကနေ မြေပြင်ဆင်း ကူညီဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မုန်တိုင်းသတင်းတွေကို နှစ်နိုင်ငံ မိုးလေဝသကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းချက်အတိုင်း စိန့်မာတင်ကျွန်း၊ ဘာဆန်ဂျာကျွန်းတွေပေါ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ဆိုင်ကလုန်းမုန်တိုင်း ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့လို့ အသေအပျောက်နည်းခဲ့တာလို့ ဆိုပါတယ်။

Source - Dhaka Tribune

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013